၁၃၇၆ ခုနှစ် သီတင်းကျွတ်လဆန်း(၅)ရက်၊ တနင်္ဂနွေနေ့
ဆရာ ဇေယျာထက်
တနင်္ဂနွေသားသမီးများအတွက် ။
အလုပ်တွင် အပြိုင်အဆိုင်ကြားမှ တိုးတက်မည်။ အရေးပါသော စကားပြောခြင်း၊ လုပ်ငန်းဆုံးဖြတ်ခြင်းများတွင် အောင်မြင်မည်။ မိမိကို ယှဉ်ပြိုင်လာသူများအပေါ် အနိင်ရမည်။ အရာရာ စနစ်တကျလုပ်ကိုင်ပြီး တိုးတက်မှုရမည်။ ရှိရင်းစွဲ ငွေကြေးအနေအထားမှ ပိုမြင့်သောငွေကို ရရှိမည်။ အချစ်ရေးတွင် အထီးကျန်ဆန် နေမည်။ မိမိနှင့် မိမိချစ်သူကြားတွင် မကြာခဏ စကားများရမည်။ အိမ်ထောင်ရေးကိစ္စဆုံဖြတ်ရမည့်ကာလဖြစ်သည်။အိမ်တွင်းပြဿနာ အေးချမ်းသွားမည်။ ကျန်းမာရေးတွင် စိတ်ပင်ပန်း၍ကျန်းမာရေးအညံ့ရှိသည်။ အစာအိမ်/ဝမ်းဗိုက် ဒုက္ခပေးတတ်သည်။ ယတြာ-ရွက်လှ (၄)ညွှန့် အိမ်ဘုရားတွင်လှူပါ။
တနင်္လာသားသမီးများအတွက် ။
လုပ်ငန်းတွင် တိုးတက်အောင်မြင်မည်။ အကြံသစ်များ အကောင်အထည်ဖော် ဆောင်ရွက်အောင်မြင်မည်။ လူမှုရေးတွင် မိမိကို ယုံကြည်ချက်ရှိရမည်။အဘက်ဘက်မှ အောင်မြင်ပါမည်။ရုတ်တရက်ပေါ်ပေါက်လာသော အခွင့်အရေးကို အသုံးချပြီး ငွေဝင်မည်။ ဒီရက်အတွင်း အချစ်ရေးအလွန် စန်းပွင့်မည်။ လူချစ်လူခင်ပေါများမည်။ အိမ်ထောင်ရှင်တို့အဖို့ မိသားစုအတွင်း လုပ်ငန်းစီးပွားတက်လမ်းပွင့်သောကာလဖြစ်သည်။ကျန်းမာရေးတွင် သွေးအတက်အကျမမှန် ဖြစ်တတ်သည်။ ဦးခေါင်း/မျက်စိ/ဝမ်းဗိုက် အနည်းငယ်ဒုက္ခပေးမည်။
ယတြာ- အုန်းနို့ခေါက်ဆွဲ (၁)ပွဲ ဘုရားတွင်လှူ၍ လိုရာဆုတောင်းပါ။
အင်္ဂါသားသမီးများအတွက်။ လုပ်ငန်းဘဝအဆင့် တိုးတက်အောင်မြင်မည်။ ရုတ်တရက်ပေါ်ပေါက်လာသော အခွင့်အလမ်းများကို အသုံးချ၍ ဘဝတိုးတက်အောင်မြင်မည်။ လူမှုရေးတွင် အမျိုးသမီးတစ်ဦး၏ အကူအညီကိုရမည်။ လူမျိုးခြား/ဘာသာခြား ဖြစ်မည်။ ယတြာ- နှင်းဆီပန်း (၉)ပွင့် ဘုရားတွင်လှူ၍ လိုရာဆုတောင်းပါ။
ဗုဒ္ဓဟူးသားသမီးများအတွက်။ မနာလို အတိုက်အခံပြုသူများအား ကျော်လွှားအောင်မြင်မည်။ အလုပ်တွင် ရပ်တန့်နေသောလမ်းကြောင်းများပြန်ပွင့်မည်။ ငွေကြေးကိစ္စစကားပြောရာတွင် အောင်မြင်မည်။ ရက်ပိုင်းအတွင်း ငွေဝင်စရာ ရှိမည်။ လူမူရေးတွင် အဆင်မပြေသူများနှင့် ပြန်၍အဆင်ပြေသွားပါမည်။ မေတ္တာရေးတွင် ကံကောင်းနေသော အနေအထား ရှိသည်။ ရွေးချယ်ရခက်လိမ့်မည်။ အိမ်ထောင်ရေးတွင် ရည်မှန်းထားသည်များ အောင်မြင်ပါ လိမ့်မည်။ ကျန်းမာရေးကတော့ အစားအသောက် အနေအထိုင် ဆင်ကျဉ်ရမည်။
ယတြာ- လက်ဖက်ထမင်း (၁)ပွဲ ဘုရားတွင်လှူ၍ လိုရာဆုတောင်းပါ
ကြာသာပတေးသားသမီးများအတွက်။
ဤရက်ပိုင်းအတွင်း မိမိအတွက် အထူးကောင်းသောကာလ ဖြစ်သည်။ မိတ်ကောင်း၊ ဆွေကောင်း အကူအညီရမည်။ မြုပ်နေသောငွေများ ပြန်ပေါ်မည်။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစားခြင်းကောင်း၏။ လူမူရေး ကောင်းမွန်ပါသည်။ ပြိုင်ဆိုင်သူများကို အောင်မြင်ပါမယ်။ ကောင်းသောမေတ္တာများအား ခံယူရရှိမည်။ ပျိုရွယ်သူများအဖို့ အထူးစန်းပွင့်မည်။ အိမ်ထောင်ရေးတွင် ကြားလူကြောင့် စိတ်အနှောက်အယှက် ဖြစ်တတ်သည်။ ကျန်းမာရေးတွင် ဝမ်းဗိုက်၊ အစာအိမ် ဥပါဒ်အနည်းငယ် ပေးနိင်သည်။
ယတြာ- ထောပတ်သီး (၁)လုံး ဘုရားတွင်လှူ၍ လိုရာဆုတောင်းပါ။
သောတြာသားသမီးများအတွက်။ အဘက်ဘက်မှကောင်းသောကာလဖြစ်သည်။မိမိ၏တက်လမ်း၊ အောင်မြင်မှုများစွာရရှိနိင်ပါသည်။ ငွေကြေးကိစ္စတွင် ငွေဝင်ကောင်းသော်လည်း ငွေမမြဲပါ။ ပင်ကိုယ်အရည်အသွေးနှင့် ငွေဝင်မည်။ မိတ်ဟောင်း၊ မိတ်သစ်များ ကြုံတွေ့ရမည်။ တိုင်းတစ်ပါးလူမျိုးခြားနှင့် ပတ်သက်သောအလုပ်များ အကျိုးပေးပါသည်။ မေတ္တာရေးကောင်းသော အနေအထားရှိသည်။ ခွဲခွာသူနှင့် ပြန်တွေ့မည်။ အိမ်ထောင်မကျသေးပါက အိမ်ထောင်ကျမည်။ အိမ်ထောင်ရေးမှာ သာယာပျော်ရွှင်သော အိမ်ထောင်ရေးဖြစ်ပါသည်။ ကျန်းမာရေးကတော့ အညံ့မရှိပါ၊ ဆေးဝါးပစ္စည်း လက်ဆောင်ရခြင်း ရမည်။ ယတြာ- ဆိုက်က္ကားနှင့် ဝယ်သောကြာဇံကြော် (၁)ပွဲကို ဘုရားတွင်လှူ၍ လိုရာဆုတောင်းပါ။
စနေသားသမီးများအတွက် ။
လူပေါင်းမှား၊ ဆုံးဖြတ်ချက်မှားတတ်သည်။ ရောင်းမှားဝယ်မှား ဖြစ်မည်။ လူမူရေးတွင် ကာလအတန်ကြာ ယုံစားထားသောသူများက မိမိကို ဒုက္ခပေးမည်။ တစ်ပါးသူ၏ ကတိစကားကို ယုံကြည်၍မရပါ။ ငွေကြေးတွင် စိတ်အနှောက်အယှက် ဖြစ်ရမည်။ ကိုယ်မသုံးရဘဲ ငွေကုန်မည်။ အချစ်ရေးတွင် လောကဓံကို ရင်ဆိုင်ရန် အစွမ်းမရှိခြင်းကြောင့် စိတ်သောက ခံစားရမည်။ အိမ်ထောင်ရေးတွင် အဆင်ပြေမှုများစွာ ရှိတတ်သည်။ မိန်းမအနှောက်အယှက် ရှိသည်။ ကျန်းမာရေးတွင် ဓါတ်လိုက်ခြင်းနှင့် ပူလောင်ထိရှခြင်း ဖြစ်ပွားနိင်သည်။ ယတြာ- နာနတ်သီး (၁)လုံးကို ဘုန်းကြီးကျောင်း တွင်လှူ၍ လိုရာဆုတောင်းပါ။
ကံဇာတာအနိမ့်အမြင့်အလှည့်အပြောင်းများကို ဖော်ညွှန်းပေးမယ့်
မောင်ထွန်းကျော်ဦး မံရွာ
Post a Comment