Saturday, September 27, 2014
လက်ပံတောင်း တောင် ကြေးနီစီမံကိန်းအတွင်းရှိ ဒေသခံ များက ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်ဝန်ထမ်း နှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားရာတွင် ပါဝင်ပတ်သက်မှုရှိသည်ဟုဆိုကာ ပုဒ်မ ၃၆၃၊ ၃၆၈ တို့ဖြင့်တရားစွဲဆိုခံနေရပြီး ယင်းအ မှုအား အာမခံလျှောက်ထားရာတွင် စက် တင်ဘာ ၂၃ ရက်က ဒုတိယအကြိမ် ရုံး ထုတ်စစ်ဆေးစဉ် ယင်းမာပင်ခရိုင်တရား သူကြီးက အယူခံကို ပယ်ချလိုက်ခြင်းဖြစ် ကြောင်း ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော် ကိုကိုက ပြောသည်။
''ကျွန်တော်တို့ အာမခံလျှောက် တယ်၊ မရခဲ့ဘူး ပယ်ချခံလိုက်ရတယ်။ ဒါ ပေမဲ့ ဖြစ်တဲ့နည်းနဲ့တော့လွှတ်ပေးဖို့ တောင်း ဆိုသွားမယ်။ ဘာတွေဆက်လုပ်သွားမယ် ဆိုတာကိုတော့ အခုအဖွဲ့ဝင်တွေနဲ့ ပြန်တိုင် ပင်လိုက်ဦးမယ်။ လောလောဆယ်တော့ ဘာ မှပြောလို့မရသေးဘူး''ဟု ¤င်းကပြောသည်။
မဖြူနှင်းထွေးအား စက်တင်ဘာ ၁၃ ရက်က မန္တလေးမြို့နယ်ရှိ ¤င်း၏နေအိမ် တွင် ရဲတပ်ဖွဲ့ဝင်များက လက်ပံတောင်း တောင်တွင်ဖြစ်ပွားခဲ့သောကိစ္စရပ်နှင့်ပတ် သက်၍ဖမ်းဆီးသွားခဲ့ပြီး ညတွင်းချင်း မုံရွာ မြို့မရဲစခန်းသို့ ပို့ဆောင်လိုက်သည်။ ယင်း နောက် စက်တင်ဘာ ၁၅ ရက်က ယင်းမာ ပင်ခရိုင်တရားရုံးတွင် ပထမအကြိမ် ရုံးထုတ် စစ်ဆေးခဲ့သည်။
မဖြူနှင်းထွေးအား ပြန်လည်လွှတ် ပေးရန် ရန်ကုန်မြို့ နထခနူံသအနူ ၌ကျင်းပ ခဲ့သော အမျိုးသမီးငြိမ်းချမ်းရေးဆွေးနွေး ပွဲသို့ တက်ရောက်လာကြသောအဖွဲ့အစည်း များနှင့် ပြည်သူများကလည်း လက်မှတ်ရေး ထိုးတောင်းဆိုခဲ့ကြောင်း ဗကသများအဖွဲ့ ချုပ်မှ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောသည်။
''မဖြူနှင်းထွေး ဒီကိစ္စမှာမပါဝင် ဘူးဆိုတာကို ကျွန်မပြောပြတယ်။ ကြိုသိ နေတဲ့လူတွေလဲရှိတယ်။ အမျိုးသမီးဖြစ်နေ တော့ ပိုပြီးတော့ စိုးရိမ်ကြတယ်လေ။ ဒီပုဒ်မ တွေကလဲ မတရားတဲ့ပုဒ်မတွေဖြစ်နေတယ်။ အခုအားလုံးလိုလိုပဲ မဖြူနှင်းထွေးကိုလွှတ် ပေးဖို့ လက်မှတ်ထိုးတောင်းဆိုထားကြတယ်'' ဟု ¤င်းကထပ်မံပြောသည်။
ယခုအချိန်မှာတော့ မဖြူနှင်းထွေး သည် ပုဒ်မ ၃၆၃၊ ၃၆၈ တို့ဖြင့် တရားစွဲဆို ခံနေရပြီး ၂၃ ရက်က ဒုတိယအကြိမ်ရုံး ထုတ်စစ်ဆေးခဲ့သလို အာမခံလျှောက်ထား ရာတွင်လည်း ပယ်ချခံထားရသောကြောင့် စက်တင်ဘာ ၃ဝ ရက်နှင့် အောက်တိုဘာ ၁ ရက်တို့တွင် နှစ်ရက်ဆက်တိုက် ထပ်မံ၍ ကြားနာစစ်ဆေးသွားမည်ဖြစ်ကြောင်း သိ ရသည်။
Flower News Journal အတွဲ(၁၀) အမှတ်(၃၈)
မောင်ထွန်းကျော်ဦး မံရွာ
Post a Comment