ချစ်သူ........
အရာရာတိုင်းဟာမင်းနဲ့တွေ့မှ
ရှင်သန်လာတာပါ...ငါ့နှလုံးသားရောပေါ့
ချစ်သူ..........
မင်းခွဲသွားတော့....ကြေမွသွားတာ
ငါ့နှလုံးသားတင်ပါကွာ။
ငါတို့လမ်းခွဲကြရအောင်………
ကောင်မလေးကစိတ်ကိုတင်းပြီးပြောလိုက်တယ်
"ဘာဖြစ်လို့လဲ?"ကောင်လေးကနားမလည်စွာနဲ့မေးတယ်
"ပင်ပန်းပြီ…မောပြီဆိုမှတော့ အကြောင်းပြချက်မလိုတော့ဘူးထင်တယ်……
ကောင်မလေးစကားကိုကောင်လေးက ဘာမှပြန်မပြောပဲဆေးလိပ်ကို တဖွာပြီးတဖွာ ဖွာနေတယ်……
"မသွားပါနဲ့…ခွဲမသွားနဲ့လို့တောင် ရင်ဖွင့်ပြီးမတားမြစ်တတ်တဲ့ချစ်သူက ငါ့အတွက် ဘာအပျော်တွေများသယ်ဆောင်ပေးနိုင်ဦးမှာလဲ?"
ကောင်မလေးရဲ့စိတ်တွေ အေးစက်လာသလို ခံစားမိတယ်…
တအောင့်ကြာမှ ကောင်လေးကစကားစလာတယ်
"ငါဘယ်လိုလုပ်မှ ငါ့ကိုနင်ခွဲမသွားမှာလဲ?"
နင့်ကို ငါ့မေးခွန်းတစ်ခုမေးမယ်…တယ်လို့ နင်ဖြေတဲ့အဖြေက ငါစိတ်ထဲတွေးထားတဲ့ အဖြေနဲ့တူခဲ့ရင် နင့်ကိုငါခွဲမသွားဘူး(ဥပမာ--ချောက်ကမ်းပါးတစ်ခုမှာရှိတဲ့ပန်းတစ်ပွင့်ကို ငါအရမ်းကြိုက်တယ်…အဲ့ဒီပန်းကိုခူးရင်ချောက်ထဲပြုတ်ကျပြီး သေကိုသေလိမ့်မယ် ငါ့အတွက် နင်ခူးပေးမှာလား?
အင်း……မနက်ကျမှ နင့်ကိုငါအဖြေပြန်ပေးမယ်
ကောင်မလေးရဲ့စိတ်တွေ ရေခဲမှတ်ထိအောင်အေးခဲ့တယ်
မနက်လင်းလာတော့ ကောင်လေးရှိမနေတော့ဘူး
စားပွဲပေါ်မှာ နွားနို့ပူပူတစ်ခွက်နဲ့ဖိထားတဲ့စာရွက်ကိုယူပြီး ကောင်မလေးကြည့်လိုက်တယ်
ကောင်မလေး…
အဲ့ဒီ့ပန်းကို ငါသွားခူးမှာမဟုတ်ဘူး
သွားမခူးတဲ့အကြောင်းကို ငါ့ကိုရှင်းပြခွင့်ပေးပါ……
(၁)နင်က ကွန်ပျူတာနဲ့ စာတွေပဲရိုက်တတ်တယ် စက်ထဲကdataတချို့ပျက်သွားရင် နင်ကကီးဘုတ်ပေါ်မှောက်ပြီးငိုဖို့ပဲသိတယ်… ဒါကြောင့်dataတွေပြင်ဖို့ ငါ့လက်ချောင်းတွေကို နင့်အတွက်ထားခဲ့ပါရစေ……
(၂)အပြင်ထွက်တိုင်း နင်သော့မေ့တတ်တယ်…ဒါကြောင့်သော့ပြန်လာပေးဖို့ ငါ့ခြေထောက်တွေ နင့်အတွက်ချန်ထားပေးပါရစေ……
(၃)လျောက်လည်ရတာကို နင်ကြိုက်တယ်…ပြီးတော့ နင်မကြာခဏလမ်းမှာတာတွေ လမ်းပျောက်တာတွေဖြစ်တယ် ဒါကြောင့်နင့်ကိုလမ်းပြပေးဖို့ ငါ့မျက်လုံးတွေနင့်အတွက်ချန်ထားပါရစေ……
(၄)လစဉ်မိန်းမသဘာဝဖြစ်တိုင်း ကိုယ်တွေအေးစက်ပြီး နင်ဗိုက်နာတတ်တယ် ဒါ့ကြောင့်နင့်ကိုယ်နဲ့ဗိုက်လေးနွေးထွေးအောင် ပွတ်သတ်ပေးဖို့ ငါ့လက်ဖဝါးတွေနင့်အတွက်ချန်ထားပါရစေ……
(၅)နင့်မှာသူငယ်ချင်းအပေါင်းအသင်းနည်းတယ် အထီးကျန်ဝေဒနာမျိုးနင်ခံစားရမှာစိုးတယ်…ဒါကြောင့်နင်မပျင်းရအောင် စကားတွေပြောနေပေးဖို့ ငါ့ပါးစပ်ကိုနင့်အတွက်ချန်ထားပါရစေ……
(၆)နင်က ကွန်ပျူတာရှေ့မှာအမြဲရှိတယ် ကွန်ျူတာအလင်းရောင်ကြောင့် မျက်စိတွေလည်းတော်တော်ထိခိုက်ခဲ့ပြီ ဒါကြောင့်နင့်အတွက် ငါကောင်းကောင်းအသက်ရှင်ရမယ် နင်အိုလာတဲ့အခါ နင့်လက်သည်းတွေညှပ်ပေးရမယ် ဆံပင်ဖြူတွေနုတ်ပေးမယ် နင့်လက်ကိုအမြဲတွဲထားမယ် ပင်လယ်ဘေးကသောင်ကမ်းစပ်မှာ လမ်းလျှောက်ကြမယ် ရောင်စုံပန်းတစ်ပွင့်ချင်းစီက လှပတဲ့နင့်မျက်နှာနဲ့တူကြောင်း ပြောပြမယ်
ဒါကြောင့် ငါ့ထက်နင့်ကိုချစ်မယ့်သူကို နင်မတွေ့မချင်း ချောက်ကမ်းပါးမှာပေါက်နေတဲ့ပန်းကို ငါသွားခူးမပေးနိုင်ဘူး
"ကောင်မလေး……ဒီစာကိုဖတ်သွားပြီးရင် ငါ့အဖြေကိုနင်ကျေနပ်သွားရင် ငါ့ကိုတံခါးဖွင့်ပေးပါနော် ငါအခုတံခါးအပြင်ဘက်မှာရှိနေတယ် ပြီးတော့နင်ကြိုက်တဲ့ ပေါင်မုန့်ထောပတ်သုပ်ဝယ်လာခဲ့တယ်
တံခါးကိုကောင်မလေး အမြန်ဆွဲဖွင့်လိုက်တယ် စိတ်လှုပ်ရှားနေတဲ့ကလေးငယ်တစ်ယောက်လို ကောင်လေးကတံခါးအပြင်ကနေစောင့်နေခဲ့တယ်
ဒါကပဲအချစ် ဒါမှမဟုတ် ဘဝပဲဖြစ်မယ်ထင်ပါတယ်
အေးဆေးတည်ငြိမ်တဲ့အချစ်တွေက ပျော်ရွှင်ခြင်းတွေနဲ့ ပတ်လည်ဝိုင်းရံနေတဲ့အခါ ပြင်းပြတဲ့ဆန္ဒနဲ့စိတ်ကူးယဉ်ဆန်တာတွေကို တောင့်တလာတတ်တယ်
တဖတ်သားရဲ့သာမန်အပြုအမူနဲ့အမူအရာလေးကိုကြည့်ပြီး ချစ်တယ် မချစ်ဘူးလို့တော့သတ်မှတ်လို့မရပါဘူး
အချစ်ဟာပန်းတစ်ပွင့်လည်းဖြစ်နိုင်သလို မနက်ခင်းမှာနိုးထစေတဲ့ အနမ်းတစ်ပွင့်လည်းဖြစ်နိုင်တယ် စိတ်အားငယ်နေချိန်မှာ မှီခိုနိုင်တဲ့ ပခုံးတစ်စုံလည်းဖြစ်နိုင်တယ် အချစ်ကိုခံစားနားလည်တတ်ဖို့ပဲလိုပါတယ်……
ထိုင် ခုံ တစ်လုံးကျိုးသွား တော့.......
အမေရိကန်က..ဖြစ်စဉ်ရဲ့ အကြောင်းရင်းကို ရှာဖွေတယ်...
ဂျပန်က..အမြန်ဆုံးအသစ်တလုံး လဲ လိုက်တယ်..
တရုတ်က ကော်နဲ့ ပြန်ကပ် လိုက်တယ်..
မလေးရှားက .အစွပ် ဝယ်ပြီး ဖုံးထားလိုက်တယ်....
မြန်မာ က.....
ဘယ်သူ့ကြောင့် ကျိုးတာလဲကွ နိုင်ငံကြီးသား မပီသပါလားကွ
စောက်စည်းကမ်းမရှိဘူးကွ...
ဝန်မခံချင်ဘူးလားကွ
ချက်ခြင်း ပြန်လုပ်ပေးကွ
ကလေးသာ ထိုင်မိရင် သေနိုင်တယ်ကွ..
အဘိုးကြီးသာ ထိုင်မိရင် စောက်ပြသနာပဲ
အဲဒီဟာကြောင့် ပညာရေးစနစ်ကိုပြင်သင့်တာပေါ့ကွ့
ခုံချိုးတဲ့ သူကို ရအောင်ဖမ်းဘို့ နိုင်ငံတော်မှာ တာဝန်ရှိတယ်...ကွ
တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူးကွ
တရုတ်ထိုင်ခုံဖြစ်မှာပေါ့ကွ
ကုလားတွေ တမင်ချိုးတာနေမှာကွ
မနက်ဖြန် အားလုံးလမ်းပေါ်ထွက် ပြီးအော်ကြမယ် ကွကွ ကွ ကွ ကွ ကွ........
ဟာ ရဲတွေလာပြီ......ဖမ်းပြီ.....ဖမ်းပြီသူရဲကောင်းကွ....
ခေါင်းဆောင် ကွ....အာဇာနည်ကွ...........
၅ နှစ်ခန့်ကြာသော်.......
ထိုင်ခုံချိုး တဲ့ သူရဲကောင်းအမှတ်တရ....နေ့ ကွ.....ကွ..ကွ.....ကွ.....ကွိ..ကွိ..ကွိ
Credit >>>>အောင်ကြီး
ကျန်းမာရေးနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်
၁။ အစာကြေမှ အစားအစာကို စားသောက်ပါ။
၂။ ကျင်ကြီး ကျင်ငယ် သွားလိုလျှင် အောင့်မထားပါနှင့်။
၃။ မေထုန်အမှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
၎။ သူတစ်ပါးကို မညှဉ်းဆဲ မသတ်ဖြတ်ပါနှင့်။
၅။ မည်သည့်ကိစ္စမဆို မစဉ်းစား မဆင်ခြင် မပြုလုပ်ပါနှင့်။
( အသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်း တို့၏ အကြောင်းတရားဖြစ်ပါသည်။ )
ကျန်းမာရေးနှင့်ပတ်သက်၍ ရှောင်ကျဉ်ရမည့်အချက
၁။ တန်ခူးလ၊ ကဆုန်လ တို့မှာ ပင်ပန်းကြီးစွာ အလုပ်မလုပ်ရ။
၂။ နယုန်လ၊ ၀ါဆိုလ တို့မှာ အဗြဟ္မစာရီသိက္ခာပုဒ်ကို စောင့်ထိန်းရမည်။
၃။ ၀ါခေါင်လ၊ တော်သလင်းလ တို့မှာ ဖက်ဆွတ်ရေစသည်ကို မသောက်ရပါ။
၎။ သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလ တို့မှာ အချဉ်၊ အငန်၊ အစပ် တို့နှင့် နို့ဓမ်း ကို မစားရပါ။
၅။ နတ်တော်၊ ပြာသိုလ၊ တပို့တွဲလ တို့မှာ နေ့အခါ၌ မအိပ်စက်ရပါ။
( ၄င်းတို့ကို ရှောင်ကြဉ်က - အသက်ရှည်ခြင်း၊ ကျန်းမာခြင်း အကျိုးတရားများ ရစေမည်။ )
်
အချစ်ဆိုတာ
အပြစ်မဆိုသာမေမယ့်
အနှစ်ကိုရှာတော့
ဝမ်းသာမှု ဝမ်းနည်းမှုတွေနဲ့
ရောဖွဲ့ထားတဲ့ အိမ်တစ်လုံး
တိမ်ဖုံးတဲ့လရောင် မဲမှောင်သွားသလို
တိမ်စင်တဲ့ လမင်း ဝင်းဝင်းကြီးသာလို့ပေါ့
နင်က ငါ့အတွက် လမင်းကြီးဖြစ်
Post a Comment