MrJazsohanisharma

MPT ၏ (၁၅၀၀) ကျပ်တန် ဆင်းမ်ကတ်များကို ဖုန်းလိုင်း ကျပ်တည်းမှု များသည့် မြို့များတွင် ထပ်မံချ ထားပေးတော့မည် မဟုတ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ဦးသိန်းဟုတ်က The Messenger Media သို့ ပြောသည်။

MPT ၏ (၁၅၀၀) ကျပ်တန် ဆင်းမ်ကတ်များကို ဖုန်းလိုင်း ကျပ်တည်းမှု များသည့် မြို့များတွင် ထပ်မံချ ထားပေးတော့မည် မဟုတ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ဦးသိန်းဟုတ်က The Messenger Media သို့ ပြောသည်။လက်ရှိ MPT ဆင်းမ်ကတ်များကို တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် လစဉ်
ရောင်းချပေး နေပြီး၊ ယခုနှစ်ကုန်တွင် ဆင်းမ်ကတ် ငါးသန်းထိ ရောင်းချပေး သွားမည် ဖြစ်ကြောင်းသိရ သည်။

ဆင်းမ်ကတ် တွေကတော့ ရောင်းချ သွားမှာပါ။ ဒါပေမဲ့ ဖုန်းလိုင်းကျပ် နေတဲ့ မြို့ကို မရောင်းတော့ဘူး။ ဖုန်းလိုင်းကျပ် နေတာ ထပ်ချပေးရင် အဆင်မပြေ တာတွေ ဖြစ်နိုင်တဲ့ အတွက် ကန့်သတ်ရတာပါ ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ဦးသိန်းဟုတ်က ဆိုသည်။ (၁၅၀၀) ကျပ် ဆင်းမ်ကတ်များ ထပ်မံ ချထား ပေးရာတွင် ဖုန်းလိုင်း ကျပ်တည်းမှု နည်းသည့် မြို့များကို ဦးစွာချ ထားပေး သွားမည် ဖြစ်ပြီး၊ ဆင်းမ် ကတ် အရေ အတွက်ကိုမူ သတ်မှတ်ထားခြင်း မရှိဘဲ လိုအပ်ချက် အပေါ် မူတည်၍ ရောင်းချပေး သွားမည်
ဖြစ်ကြောင်း သိရသည်။

သို့သော် တာဝါတိုင် တိုးချဲ့ခြင်း၊ ကွန်ရက်များ ထပ်မံ ချဲ့ထွင်ခြင်း စသည်တို့ကို ဆောင်ရွက် ပြီးပါက ဆင်းမ် ကတ် များကို ကန့်သတ်ချက် မရှိ ရောင်းချပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန် ဂျပန် အခြေစိုက် KDDI ဆက်သွယ်ရေး ကုမ္ပဏီနှင့် ပူးပေါင်းကာ ဆောင် ရွက် နေပြီး၊ နောက်ပိုင်းတွင် ဖုန်းလိုင်းများ သာမက အင်တာနက်လိုင်းများ ကိုလည်း ပိုမိုကောင်းမွန် စေ ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဖုန်းခေါ်ဆိုခ ဈေးနှုန်း ကိုလည်း ဒီနှစ် အတွင်းမှာပဲ အပြီးသတ် လျှော့ချ သွားမှာပါ ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ဦးသိန်းဟုတ်က ထပ်မံပြောသည်။ ထို့ပြင် MPT မှ ရောင်းချပေး နေသည့် (၁၅၀၀) ကျပ်တန် ဆင်းမ်ကတ်များကို မမှန်မကန် ရောင်းချသည့် ဆိုင်များအား ပြည်သူများမှ တိုင်ကြားပါက အရေး ယူ ဆောင်ရွက်သွားမည်ဟု မြန်မာ့ ဆက်သွယ်ရေးမှ ထုတ်ပြန်ထားသည်။ လက်ရှိ MPT ဆင်းမ်ကတ်များကို ဖုန်း အရောင်းဆိုင်များမှ ဟန်းဆက်နှင့် တွဲ၍ ရောင်းချခြင်း၊ ငွေဖြည့်ကတ်နှင့် တွဲ၍ ရောင်းချခြင်းများ ရှိပြီး၊ အပြင် ဈေးကွက်တွင် ဆင်းမ်ကတ် ဈေးနှုန်းမှာ ကျပ် (၈၀၀၀) ၀န်းကျင်ထိ ဈေးပေါက် နေကြောင်း ဆင်းမ် ကတ် ၀ယ်ယူသူများထံမှ သိရသည်။


Posted via Blogaway

Post a Comment

Previous Post Next Post