ClockWorkMod (CWM) recovery ဆိုတာကတော့ Custom recovery တစ်မျိုးပါ။ သူက Stock Recovery ထက် လုပ်ဆောင်ချက်မြင့်မားတဲ့ Recovery အမျိုးအစားပါ။ Recovery တွေကိုတော့ပုံမှန် မမြင်ရနိုင်ပါဘူး။ ဖုန်းအမျိုးအစားပေါ်မူတည်၍ သီးသန့်  ခလုတ်များ နှိပ်ပေးရပါမှတက်လာတာပါ။ Stock recovery ကတော့ Factory reset နှင့် Update.zip ကို အသုံးပြုဖို့ လောက်ပဲအသုံးဝင်ပါတယ်။ CWM ကတော့ Stock Recovery မလုပ်ဆောင်နိုင်သော Restoration,Installation စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ Back Up option ဆိုရင်လဲ ဖုန်းရဲ့  Stock Rom တစ်ခုလုံးကို Back up လုပ်နိုင်ပါတယ်။ထိုကဲ့သို့  Rom တစ်ခုလုံးကို Back up လုပ်ခြင်းဖြင့် ဖုန်း Settings,Games,Apps etc.. တွေကို သိမ်းဆည်းထားနိုင်ပါတယ်၊ CWM သွင်းထားခြင်း ဖြင့် Custom rom များကိုလည်း အလွယ်တစ်ကူ Install လုပ်နိုင်ပါတယ်။
CWM Recovery ထဲဝင်ရင်တွေ့ ရမည့်အရာကတော့
Reboot System now
Apply update from SD card
Wipe data/Factory reset
Wipe cache partition
install zip from SD card
apply/ SD card / update.zip
choose zip from SD card
toggle signature verification
toggle script asserts
+++Go Back+++
Back and Restore
Back up
Restore
Advanced Restore
Mount and Storage
Mount /unmount/system/data/cache/sdcard or sd-ext
format boot /system/data/cache/sdcard or sd-ext
mount USB
Advanced
Reboot recovery
Wipe dalvik cache
Wipe battery stats
Report Error
Key Test
Partition SD card
Fix permisions
စတာတွေကိုမြင်တွေ့ ရမှာဖြစ်ပါတယ်
Post a Comment