How facebook Hacking can be done ? safe-facebook How facebook Hacking can be done ? ခေါင်းစဉ်ကို ရုတ်တရက်ဖတ်လိုက်ရင် Facebook Account ကို ဘယ်လို hack လို့ရနိုင်မလဲ ဆိုပြီး ထင်ကောင်းထင်မိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် အခုရေးမယ့် topic အဓိပ္ပာယ် ကတော့ Facebook Account တွေ ဘယ်လို Hack ခံရနိုင်တာလဲ ဆိုတာကိုရေးမှာဖြစ်ပါတယ်။ အခုတလော ကျွန်တော့် သူငယ်ချင်းတစ်ချို့  Facebook account အခိုးခံရတယ်လို့ပြောပြီး ဘယ်လို Recover လုပ်ရမလဲလို့ မေးလာကြပါတယ်။ အဲဒီ ကိစ္စက နည်းနည်းတော့ အခက်တွေ့နေပါတယ်။ နာမည်ကြီး Hacker တွေက ပဲ Facebook Server ကို hack ပစ်လိုက်တာလား။ တခြား ဘယ်လိုဘယ်လို နည်းတွေနဲ့ hack ကြတာလဲ ဆိုတာတွေကိုပေါ့။ အဲဒါနဲ့ ကျွန်တော်လည်း Internet ပေါ်မှာ နည်းနည်း မွှေကြည့်လိုက်တော့ နိုင်ငံခြား blog တစ်ခုမှာ ဒီ Topic လေးကိုတွေ့လို့ ဘာသာပြန်ပြီး ရေးပေးလိုက်တာပါ ဗျာ။
ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ Facebook Hacking Software ဆိုပြီး သီးသန့်ကြီး လုံးဝမရှိပါဘူး။ Internet ပေါ်မှာ ပြန့်နေတဲ့ Facebook Hacking Software တွေလို့ပြောတဲ့ 007 Facebook Hack တို့၊ FacebookID hacker တို့ဆိုတာက Malware တွေဖြစ်ပါတယ်။ သူတို့က သူများ Facebook ကို Hack ပေးသယောင်နဲ့ ကိုယ့်ရဲ့ email, phone number, DOB, credit card အစရှိတဲ့ information တွေကိုပဲ ယူသွားမှာဖြစ်ပါတယ်။ marketing အတွက်ဖြစ်နိုင်သလို တခြား အကြောင်းအရာတွေ အတွက်လည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ အခကြေးငွေယူပြီးတော့ Facebook Hack ပေးမယ်ဆို့တဲ့ Website တွေလည်းရှိပါတယ်။ အဲဒါတွေကို မယုံတာက အကောင်းဆုံးပါပဲ။ ကိုယ့် Email ထဲကို ရောက်လာတဲ့ Facebook account recovery လုပ်ချင်ရင် ဒီemail ကို အခုလက်ရှိ password နဲ့ စာပြန်ပါ ဆိုပြီးတော့ အတုအယောင်တွေကအများကြီးပါ။ တကယ်တော့ User Account တစ်ခုကို Hack ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ သူများရေးထားတဲ့ software သုံးပြီးတော့ Hack တာလောက်ကတော့ ကလေးတွေကို သင်ပေးရင်တောင် လုပ်တတ်ပါတယ်။
Facebook Account တစ်ခုကို hackerတစ်ယောက် ဒါမှမဟုတ် hacker တစ်ဖွဲ့က hack နိုင်မယ့် နည်းလမ်းက တော့ ယေဘုယျ အားဖြင့် နည်းလမ်း 7 မျိုးရှိပါတယ်။
၁။ Keylogging – Keyboard မှ ရိုက်သမျှကိုမှတ်သားခြင်း (လွယ်ကူသော အဆင့်)
၂။ Phishing–Facebook Login Page အတုဖန်တီးခြင်း (အလယ်အလတ် အဆင့်)
၃။ Hack မယ့် User ရဲ့  Phone ကို အသုံးချခြင်း. (ခက်ခဲသော အဆင့်)
၎။ Hack မယ့် Userရဲ့ Facebook Cookieကိုခိုးခြင်း (ခက်ခဲသော အဆင့်)
၅။ Browser မှာ Save ထားတဲ့ password ကိုယူခြင်း (လွယ်ကူသော အဆင့်)
၆။ Facebook ၏ Security မေးခွန်းတွေကို ကျော်လွှားခြင်း (ခက်ခဲသော အဆင့်)
၇။ Backtrack software အသုံးပြုခြင်း (အလယ်အလတ် အဆင့်)
အပေါ်က ၇ ချက်ထဲမှာ နံပါတ် ၃ နဲ့ ၆ က Password ကို reset ချလိုက်ရမှာပါ။ ဆိုလိုတာက သူ့ရဲ့ password အဟောင်းကို သိမှာမဟုတ်ပါဘူး။ hacker က password အသစ်ကို ပြောင်းလိုက်မှာပါ။ ဒါဆိုရင် သုံးနေတဲ့ user က ၀င်လို့ရမှာမဟုတ်တော့ပါဘူး။ ကျန်တဲ့ အချက်တွေကတော့ original password ကို သိရပြီး account ကို ပိုင်ရှင် မသိဘဲနဲ့ login ၀င်လို့ရမှာဖြစ်ပါတယ်။ အဲဒီ အချိန်မှ password ကို ပြောင်းလိုက်ရင်တော့ user လည်း ၀င်လို့ရမှာမဟုတ်ပါဘူး။
1. Keylogging
Keylogging နည်းလမ်းကို အသုံးပြုဖို့ နည်းပညာပိုင်းမှာ Expert ဖြစ်စရာတော့ မလိုပါဘူး။ ဒါပေမယ့် ထိရောက်ပါတယ်။ ဒီနည်းလမ်းက ကိုယ် Hack မယ့် User သုံးတဲ့ Computer ကို ကိုင်လို့ရတဲ့ အခြေအနေမှာဆို တော်တော် အဆင်ပြေပါတယ်။ Keylogger တွေကို တီထွင်ခဲ့တဲ့ မူလ ပထမ ရည်ရွယ်ချက်ကတော့ ရုံးတွေမှာ ၀န်ထမ်းတွေရဲ့ အလုပ်လုပ်ပုံတွေကို စောင့်ကြည့်ဖို့ အတွက်ပဲဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံက Keyboard ပေါ်ကနေ ရိုက်လိုက်တဲ့ စာလုံးတိုင်းကို မှတ်သားထားပေးတာပဲဖြစ်ပါတယ်။ Keylogger မှာ Hardware နဲ့ Software ဆိုပြီး နှစ်မျိုးရှိပါတယ်။ Software Keylogger ကတော့ရှင်းပါတယ်။ သူ့ကို computer မှာ install လုပ်လိုက်တာနဲ့ သူက OS Start up ကတည်းက Stealth Mode နဲ့ Run နေမယ်။ သာမန် Task Monitor နဲ့ဆိုရင်တော့ မြင်ရမှာမဟုတ်ပါဘူး။ပြီးတော့ user ရိုက်သမျှ၊ ဒါမှ မဟုတ် User Name နဲ့ password ရိုက်တဲ့ အခါမှာ File တစ်ခုထဲမှာ copy လုပ်ပြီး သိမ်းထားမှာဖြစ်ပါတယ်။ Hardware Keylogger ကတော့ computer မှာ physically သွား တပ်ထားရမှာ ဖြစ်ပါတယ်။ Stick ပုံစံမျိုးဖြစ်ပြီးတော့ internal memory ပါပါတယ်။ သူလည်း ပုံစံ ၂ မျိုးနဲ့ ဖြစ်နိုင်တယ်။ PS2 နဲ့ USB ဆိုပြီးတော့ပေါ့။ PS2 ကတော့ keyboard နဲ့ chipset ကြားမှာ ခံထားရမှာဖြစ်ပြီးတော့ keyboard ရဲ့ activity အားလုံးကို သူ့ရဲ့  internal memory ထဲမှာ သိမ်းထားပေးမှာပါ။ USB ကတော့ USB အပေါက်မှာထိုးထား လိုက်တာနဲ့ system က လုပ်သမျှကို ဖမ်းယူထားမှာပါ။
2. Phishing

Phishing ဆိုတာက Facebook login page ကို အတုဖန်တီးတာပါ။ ဒီနည်းလမ်းကတော့ အိုဟောင်းနေပါပြီ။ ဒါပေမယ့် သတိမမူတဲ့ သူတွေကိုတော့ လှည့်စားနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ Pageအတု ရဲ့ Address ကို email ကနေ ပို့လိုက်တာပဲဖြစ်ဖြစ်၊ website တစ်ခုခု မှာ link အနေနဲ့ ချိတ်ထားတာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ User တစ်ယောက်က သတိမထားမိပဲ login ၀င်လိုက်ပြီး ဆိုရင်တော့ တကယ် facebook ကိုသွားမယ့် အစား hacker ရဲ့ လောင်အိမ်ထဲ ကို ရောက်သွားမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင် အသုံးပြုမယ့်သူ့ရဲ့  အတု ဖန်တီးနိုင်စွမ်းပေါ်မှာလည်း မူတည်ပါတယ်။ နောက်ပြီး ဖုန်းနဲ့ internet သုံးတဲ့ သူတွေကလည်း ပိုပြီး သတိထားကြရမှာပါ။ တော်တော်များများက WebPage ရဲ့ URL ကို သေချာ မကြည့်တတ်ကြဘူးလေ ….
3. Hack မယ့် User ရဲ့  Phone ကို အသုံးချခြင်း

တကယ်လို့ Facebook ကို Phone နဲ့ သုံးတဲ့ သူတွေဆိုရင် ဒီနည်းလမ်းကို သတိထားရမှာပါ။ ကိုယ့်ရဲ့ ဖုန်းဟာ တစ်ခြားသူရဲ့ လက်ထဲရောက်သွားရင်တော့ ကိုယ့် Account ခိုးခံရကိန်းများနေပါပြီ။ Forget my password page ကိုသွားပြီး ဖုန်းနံပါတ်ရိုက်ထည့် ပြီးတော့ SMS ပို့ပြီး Password Recover လုပ်ပါမယ်ဆိုပြီး လုပ်လိုက်လို့ရပါတယ်။
4. Hack မယ့် Userရဲ့ Facebook Cookieကိုခိုးခြင်း

ဒီနည်းလမ်းကို မပြောခင် Cookie ကဘာလဲဆိုတာကို အရင် ရှင်းပြပါ့မယ်။ Cookie အများကြီးရှိပါတယ်။ HTTP cookie, web cookie, browser cookie ဆိုပြီးတော့ file လေးတစ်ခုဖြစ်ပါတယ်။ အဲဒီ file ဟာ website ကနေ ကျွန်တော်တို့ အသုံးပြုနေတဲ့ web browser ဆီကို ကောင်းသောရည်ရွယ်ချက် တစ်ချို့နဲ့ ပို့ပေးလိုက်တဲ့ file တွေဖြစ်ပါတယ်။ Browser က အဲဒီ file တွေကို အသုံးပြုနေတဲ့ computer ထဲမှာ သိမ်းထားတယ်။ လုပ်စရာတွေပြီးရင်တော့ website ကိုပြန်ပို့ပေးရပါတယ်။ Cookie တွေရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ Authentication ဆိုတဲ့ လုပ်ပိုင်ခွင့်တွေပေးခြင်း၊ User တစ်ယောက်ရဲ့ အခုလက်ရှိ ၀င်နေတဲ့ account အတွက် identification မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားရွေး ထုတ်ခြင်း၊ User ရဲ့ preferences ဦးစားပေးမှုတွေကို လုပ်ဆောင်ပေးခြင်း စတာတွေပဲဖြစ်ပါတယ်။ Cookie တွေက software မဟုတ်ပါဘူး။ Text file တွေပါ။ သူတို့က Virus တွေကိုလည်း သယ်ဆောင်မပေးနိုင်ပါဘူး။ Cookie တွေကို ခိုးလို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ တကယ်လို့ Facebook ကို ဒီအတိုင်း အကြာကြီး ဖွင့်ထားတတ်တဲ့ သူတွေဆိုရင် ဒီလို cookie တွေကနေတစ်ဆင့် သင့်ရဲ့ account ထဲကို ၀င်ရောက်သုံးစွဲနိင်မှာဖြစ်ပါတယ်။ ဒါပေမယ့် User က log out လုပ်လိုက်ရင်တော့ ဆက်သုံးလို့ရမှာမဟုတ်တော့ပါဘူး။ ဒါကို ကာကွယ်ချင်ရင်တော့ Facebook မှာ Secure Connection (HTTPS) ကို setting မှာ ON ထားလိုက်ပါ။ (ကြားဖြတ်ပြောချင်တာက ဒီ နည်းလမ်းနဲ့ ကျွန်တော်ကိုယ်တိုင် စမ်းကြည့်ဖူးပါတယ်။ Android က DroidSheep, FaceSniff ဆိုတဲ့ software တွေနဲ့ ကိုယ့် account ကို ကိုယ်စမ်းကြည့်တာပါ။ တကယ်လည်း ရပါတယ်။ဒါကြောင့် တက်နိုင်ရင် Public Wifi Hotspot တွေမှာ Facebook မသုံးတာ အကောင်းဆုံးပါပဲ)
5. Browser မှာ Save ထားတဲ့ password ကိုယူခြင်း

ဒါကတော့ လူတိုင်းသိတဲ့ အချက်ပါ။ ဒါပေမယ့် ဒီနည်းလမ်းနဲ့လည်း Facebook password ကို ယူနိုင်ပါတယ်။ Chrome: Goto tools >> Options >> Personal Stuff >> Manage saved FireFox: Goto tools >> Options >> Security >> saved Passwords Browser တွေရဲ့ Interface အလိုက် နေရာတွေက ကွာသွားပါတယ်။ ဒါကြောင့် internet café တွေမှာ သုံးတဲ့ user တွေဆိုရင် browser က Password save မလားလို့ မေးလာရင် Never ကို ရွေးဖို့အရေးကြီးပါတယ်။ ပြီးတော့ ဆိုင်ကနေ မထွက်ခင် ကိုယ်သုံးခဲ့တဲ့ Browser ရဲ့ History,Cookie မှန်သမျှကို ရှင်းခဲ့ရင် ပိုစိတ်ချရပါတယ်။
6. Facebook ၏ Security မေးခွန်းတွေကို ကျော်လွှားခြင်း

ဒါကတော့ အကြောင်းသိတွေက နောက်ကျော ဓါးထိုးခံရတဲ့ အဖြစ်ပါ။ အရင်တုန်းကဆို login ၀င် တဲ့ email ရယ်၊ ကိုယ့် မွေးနေ့တို့ Security မေးခွန်းတို့ Facebook ကို ဘယ်အချိန်က account စဖွင့်တာလဲ၊ ဘယ်အချိန်လောက်က နောက်ဆုံး သုံးခဲ့တာလဲ၊ ကိုယ့် account ထဲမှာရှိတဲ့ သူငယ်ချင်းသုံးလေးယောက် လောက်ကို မေးတာတို့ … အစရှိတဲ့ မေးခွန်းတွေကို ဖြေနိုင်ရင် Password ကို Reset လုပ်လို့ရပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းတော့ Facebook က login account ကို hide လုပ်ထားပေးပါတယ်။ လွယ်လွယ်နဲ့ လည်းရှာလို့မရပါဘူး။ ဒီနည်းလမ်းကို သုံးမယ်ဆိုရင် ပစ်မှတ်ရဲ့ information ကို တော်တော်များများ စုံစမ်းထားမှ ဖြစ်မှာပါ။ ဒါကြောင့် Internet ကနေ ခင်တဲ့ သူတွေဆိုရင် ကိုယ့်ရဲ့ အရေးကြီးတဲ့ information တွေကို မပေးတာ အကောင်းဆုံးပါပဲ။ Internet ဆိုတာ အင်မတန် အလိမ်အညာများတဲ့ နေရာပါ။ (ကြားဖြတ် နောက်တစ်ခေါက်ထပ်ပြောတာပါ … ဒီနည်းလမ်းကို လည်း ကျွန်တော် စမ်းကြည့်ဖူးပါတယ်.. တကယ်ရခဲ့ပါတယ်။ ဒါပေမယ့် ခိုးတဲ့ ပြစ်မှုမြောက်တဲ့ အတွက်ကြောင့်မို့လို့ တကယ် မကောင်းတဲ့ အလုပ်ပါ။ ၀ဋ်ဆိုတာ မလွဲမသွေ လည်မှာပါ။)
7. Backtrack software အသုံးပြုခြင်း

Linux ကနေ ထုတ်လုပ်ထားတဲ့ Penetration Testing Free OS လို့ခေါ်တဲ့ Backtrack software တွေကို သုံးပြီးတော့လည်း Password ခိုးလို့ရတယ်လို့ ဆိုထားပါတယ်။ အထက်က ပြောခဲ့တဲ့ နည်းလမ်းတွေထဲက မဟုတ်ပဲ တစ်ခြား နည်းလမ်းတွေလည်း ရှိကောင်းရှိနိုင်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့် ရဲ့ Password တွေကို Strong ဖြစ်နေအောင် UpperCase, LowerCase, Numeric, Special Letter တွေအားလုံးရောထားမယ်. ပြီးတော့ မကြာမကြာ password တွေကို ပြောင်းပေးမယ် ဆိုရင်တော့ သာမာန် Hacker တွေ Spammers တွေ ရဲ့ hack ခံရခြင်းကို ရှောင်ရှားနိုင်မှာပါ။ သတိလည်း ကြီးကြီးထားပေါ့ဗျာ ….. ဒီ Topic ကို ရေးဖို့အတွက် hackw0rm blogspot မှာ blog တစ်ပုဒ်ကို မှီငြမ်းထားခြင်းဖြစ်ပါသည်။
မူရင်း at: http://itstudentpro.com/2014/02/facebook-hacking-can-done/ | ITStudentpro.com
HtunKyawOo 09256375318
Post a Comment