11/11/2014
အားလုံးပဲမင်္ဂလာပါခင်ဗျား
ဟိုတလောက ကျနော် iris 700 ဖုန်းများနဲ့ မြန်မာစာ အလွယ်ထည့်နည်းဆိုတာကို
ဒီလင့်မှာ အသေးစစ်ရှင်းပြခဲ့ဖူးပါတယ်။
ဒီတစ်ခါတော့ အရမ်းအရေးကြီးမယ်ထင်လို့ ဒီပိုစ့်လေးကို
တစ်နေကုန်ကြိုးစားပြီး အားလုံးအတွက် တင်ပေးလိုက်ပါတယ်။
ပုံမှာ မြင်ရတဲ့အတိုင်းပါပဲ ဖုန်းမှာ မြန်မာစာလည်း မဟုတ်၊ အင်္ဂလိပ်စာလည်းပျောက်ပြီး
ဘာတွေမှန်းမသိတဲ့ စာတွေပေါ်နေတဲ့ အကြီးအကျယ်ပြသနာတစ်ခုပါ။
ဒီလိုမျိုး ကျနော်လည်းဖြစ်ဖူးပါတယ်။ ဘယ်လိုလုပ်ရမှန်းမသိတာနဲ့ ကိုယ်ကလည်း သိပ်အကျွမ်းကြီးလည်းမဟုတ်ဘူး၊ ဆို Firmware အသစ်တင်ပြီး၊ ပြန်လုပ်ပါမှ
အဆင်ပြေသွားတယ်။
အဲဒါလည်း ကြုံခဲပြီး၊ အကြောက်လွန်ပြီး လုပ်စရာမရှိ၊
လွယ်မယ်ထင်တဲ့နည်းကို ရှာကြည့်တာဖြစ်ပါတယ်။
ဒါပေမယ့် သူက အင်္ဂလိပ်စာသာပျောက်နေတာဗျာ့၊
မြန်မာစာက မြင်လည်းမြင်ရတယ်။ ရေးလို့လည်း အားလုံး
အဆင်ပြေပါတယ်။
ဒီမနက်တော့ FB က ဘော်ဒါဖြစ်တဲ့ အစ်ကို Kaywwin Thein
နဲ့ ဆွေးနွေးဖြစ်ပါတယ်၊ သူ့မှာလည်း ကျနော်တင်ထားတဲ့
အရင်ပို့စ်လေးအတိုင်း လုပ်ကြည့်တာ အခုလိုမျိုး ပြသနာတက်လာလို့ဆိုပြီး
စကားစမြည်ပြောရင်းကနေ နှစ်ယောက်သား ဆွေးနွေးပြီး ရလာတဲ့
အဖြေကို အားလုံးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်ခင်များ။
အထူးသတိပေးချင်တာလေးတစ်ခုက
ကျနော်မှာ ဒီလိုဖြစ်တုန်းကတော့
Kingo Root နဲ့ Root လိုက်တယ်၊ Root Access ရပြီးလို့
ပြန်တက်လာတာနဲ့ ကျနော်က FrozenKeyboard ကို အရင်သွားထည့်လိုက်တယ်။
ပြီးတော့မှ-MMAio Zawgyi Fontchanger ကိုထည့်တယ်။
ဒါနဲ့ Root Tool မှာ တိုက်ရိုက်ပါလာတဲ့ SuperSu ကပါမစ်တောင်းတာနဲ့ကို
ဒီလိုမျိုးပြသနာက Restart ကျပြီးလို့ ပြန်တက်လာတာနဲ့
System တစ်ခုလုံးကို အထက်ကပုံလိုမျိုး ပြောင်းသွားတော့တာပါပဲ။
Reroot ထပ်လုပ်ကြတည့်တယ်။ Reroot လုပ်လည်း အဆင်ပြေပါသေးတယ်။
ပြီးတော့ ထပ်ပြီးတော့ Root လုပ်သေးတယ်။
အဆင်ပြေပြန်တယ်။ ဒါပေမယ့် ပုံပါအတိုင်း ဖြစ်နေတဲ့ System အမှားကြီးကိုတော့
ကျနော် ဘယ်လိုမှ မတတ်နိုင်တော့ပါခင်ဗျား။
ဒီလိုဖြစ်သွားဆိုရင်တော့ အထက်ပါပုံအတိုင်း ကော်ရှင်မှတ် ပြနေရင် busybox မရှိတော့လို့ဆိုတာသေချာသွာပြီး။
ဒါဆို busybox ကို ကျနော်တို့ အသုံးပြုရမှာဖြစ်ပါတယ်။
ဒီပြသနာကို အကောင်းဆုံးဖြေရှင်းနိုင်တဲ့
Zawygi Fontchanger တစ်ခုရှိပါတယ်။
အဲဒါကတော့ Z.F.C လို့လူသိများတဲ့
Zawgyi Font Changer ( Z.F.C ) APK လေးပါ။
ဒီလောက်ဆို ကျနော်တို့ရဲ့
Resource တစ်ခုသေချာသလောက်ဖြစ်သွားပြီဆိုရင်တော့
ကျနော် စလိုက်ကြရအောင်ဗျာ။
ကဲဗျာ အဲလောက်တောင်မှ ခေါင်းမာနေတဲ့ iris 700 ဖုန်းများကို
ကျနော်လို ပြသနာတက်နေတဲ့ ဘော်ဒါတွေအတွက် အစ်ကို Kyawwin Thein နဲ့
ကျနော်တို့ ဖြေရှင်းခဲ့ပုံလေးတွေကို အသေးစိတ်ရှင်းပြလိုက်ပါတယ်။
ပြသနာကို မရှင်းမှီ လိုအပ်မယ့် Apk လေးတွေကို
အရင်ဒေါင်းယူလိုက်ပါ။
Download Here
Post a Comment