ဲ
၂၀၁၄ ခုနှစ် မကုန်မီ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာကို သတ်မှတ်ပေးမည် ဖြစ်ကြောင်း အလုပ်သမား ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့ သော်လည်း နှစ်ကုန်ရန် သုံးလသာ လိုတောသည့် အချိန်ထိ သတ်မှတ်ပေးနိုင်မည့် အခြေအနေတွင် မရှိသေးကြောင်း အလုပ်သမား အရေး လှုပ်ရှားသူ များက ပြောသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အလုပ်ရှင်၊ အလုပ်သမား၊ အငြင်းပွားမှု ပြဿနာ များတွင် အများဆုံးသည် လုပ်ခလစာ ပြဿနာပင် ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရရင် မသတ်မှတ်ရဲတာ၊ အလုပ်သမားက နည်းရင် အလုပ်သမားက ပြဿနာရှာတာ၊ များရင်လည်း အလုပ်ရှင်က ပြဿနာရှာမှာ၊ အစိုးရ အနေနဲ့က ပြဿနာ ဖြစ်ကာမှ ဖြစ်ရော။ ဆုံးဖြတ်နိုင်ဖို့ လိုတယ် ဟု မန္တလေးတိုင်းဒေသကြီး အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေး ရေး ကော်မတီမှ အလုပ်သမား ကိုယ်စားလှယ် ဦးဇော်နိုင်က ပြောသည်။ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရာတွင် ကနဦးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်ခလစာ သတ်မှတ်ပေးရေး ကော်မတီမှ လုပ်ခနှုန်းထား သတ်မှတ်ပေးကာ အမျိုးသား အဆင့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးရေး ကော်မတီသို့ တင်ပြရမည် ဖြစ်သည်။
သို့သော်လည်း အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးရေး ကော်မတီမှ ကွင်းဆင်းကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စစ်တမ်း ကောက်ယူနိုင်ခြင်း မရှိသေး သောကြောင့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရန် နှောင့်နှေးနေ ရသည့် အခြေအနေတွင်ရှိ နေကြောင်း ဦးဇော်နိုင်က ပြောသည်။ အနိမ့်ဆုံး လစာကို အမြန်ဆုံး သတ်မှတ်ပေးဖို့ လိုတယ်။ မသတ်မှတ်ရင် သပိတ်မှောက်တာတွေ ဖြစ်မယ်။ အလုပ်သမားက မှောက်ချင်လို့ မှောက်တာ မဟုတ်ဘူး။ ဒါဆို အလုပ်ရှင် အကျိုးစီးပွားနဲ့ နိုင်ငံတော် ကုန်ထုတ် စွမ်းအားကို ထိခိုက်စေပါတယ် ဟု အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေး အမျိုးသားအဆင့် ကော်မတီမှ အလုပ်သမား ကိုယ်စားလှယ် ဦးနော်အောင်က ပြောသည်။
See more: http://messengernewsjournal.com/news/local/detail.php?id=23503
မောင်ထွန်းကျော်ဦး မံရွာ
Post a Comment