MPT ဆင်းမ်ကတ်များကို ဈေးမြှင့် ရောင်းချပါက ရောင်းချခွင့် ပိတ်သိမ်းသည် အထိ အရေးယူမည်ဟုဆိ

မြန်မာ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချခွင့်ပေး ထားသော ကျပ် (၁၅၀၀) တန် ဆင်းမ်ကတ်များကို ဈေးမြှင့် ရောင်းချခြင်း၊ ဟန်းဆက်များ နှင့် တွဲဖက် ရောင်းချခြင်း များကို ပြုလုပ်ပါက ရောင်းချခွင့် ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးဝင်းသန်းက ပြောကြားသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချခွင့် ပေးထား သော ကျပ် (၁၅၀၀) တန် ဖုန်းဆင်းမ်ကတ်များကို အရောင်းဆိုင်များမှ ဈေးမြှင့်၍ ရောင်းချခြင်း၊ ဟန်းဆက်များနှင့် တွဲဖက်၍ ရောင်းချခြင်းများ ရှိနေ သောကြောင့် ၀န်ကြီးဌာန အနေဖြင့် မည်သို့ ဆောင်ရွက်မည်ကို သိလိုကြောင်း ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

မြန်မာ့ ဆက်သွယ်ရေးက ချထားပေးတဲ့ MPT ဆင်းမ်ကတ်တွေကို တရားဝင် အနေနဲ့ ၀န်ကြီးဌာနက ချထားပေးတဲ့ ဆိုင်တွေရှိ ပါတယ်။ ဒါပေမဲ့ အဲဒီ ဆိုင်တွေက ဟန်းဆက်နဲ့ တွဲရောင်းတာတွေလည်း ရှိတယ်။ ပြီးတော့ (၁၅၀၀) မဟုတ်ဘဲ တစ်သောင်းခွဲ ကနေ နှစ်သောင်း အထိရောင်းနေ ပါတယ်။ အဲဒါကို ၀န်ကြီး အနေဖြင့် ဖြေနိုင်ရင် ဖြေပေးပါ ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းကို နိုင်ငံခြားကုမ္ပဏီ နှစ်ခုကို လုပ်ကိုင်ခွင့်ပေး ခဲ့ပြီး ပြည်တွင်း၌ တယ်လီဖုန်းနှင့် ပတ်သက်၍ ပြဿနာများ ဖြစ်ပေါ်လာပါက ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာန အနေဖြင့် မည်ကဲ့သို့ စီစဉ် ဆောင်ရွက်မည် ကိုလည်း တစ်ဆက်တည်း မေးမြန်းခဲ့သည်။
See more: http://messengernewsjournal.com/news/local/detail.php?id=23505
Like·Comment·Share
3 people like this.
Write a comment...
Post


မောင်ထွန်းကျော်ဦး မံရွာ

Post a Comment

Previous Post Next Post