MrJazsohanisharma

Facebook က Boeing 747 ခရီးသည်တင် လေယာဉ် အရွယ်အစား ရှိသော Drone များဖြင့် အင်တာနက် ထုတ် လွှင့်ပေးမည် ဖြစ်သည်။


Facebook က လူဦးရေ ငါးဘီလီယမ်ကို Drone များဖြင့် အင်တာနက် ထုတ်လွှင့်ပေးမည်ဟု ယခင်က ကြေညာခဲ့
ဖူးသော်လည်း Drone များ၏ အရွယ် အစားကို ယခုမှ ပြောကြားခြင်း ဖြစ်ပါသည်။ Facebook က အင်တာနက်
ထုတ်လွှင့်ပေးနိုင်သော Drone , Satellite များကို တီထွင်ရန် Connectivity Lab ကို ဖွဲ့စည်း ထားပါသည်။ နေ
ရာဒေသ အပေါ်မူတည်ပြီး နည်းလမ်းမျိုးစုံဖြင့် အင်တာနက် ထုတ်လွှင့်ပေးမည် ဖြစ်သည်။

Facebook Connectivity Lab မှ အင်ဂျင်နီယာ ဌာန၏ ဒါရိုက်တာ ဖြစ်သူ Yael Maguire က ရာသီဥတု ဒဏ်ခံ
နိုင်ပြီး နှစ်ပေါင်းများစွာ အလိုအလျှောက် မောင်းနှင် ပျံသန်းပြီး အင်တာနက် ထုတ်လွှင့်နိုင်သော Boeing 747
ဂျက်လေယာဉ်ပျံ အရွယ် Drone များကို တီထွင်နေ သည်ဟု ပြော ပါသည်။ အရွယ် အစားကြီးမားသော်လည်း
အလေးချိန်မှာ နည်းပါးသည်ဟု ပြောပါသည်။

Facebook က ၂၀၁၅ တွင် အမေရိကန် ၌ Drone ကို စမ်းသပ်မည်ဟု မျှော်လင့်နိုင်ကြောင်း Maguire က ပြော
ပါသည်။ အိန္ဒိယနှင့် လက်တင် အမေရိက၊ အာရှ၊ အာဖရိကရှိ နိုင်ငံ ၂၁ ခုတွင်လည်း စမ်းသပ်မည် ဖြစ်သည်


မောင်ထွန်းကျော်ဦး မံရွာ

Post a Comment

Previous Post Next Post