်
မြောက်ကိုရီးယား၏မြို့တော် ပြုံယမ်း
မြောက်ကိုရီးယား နိုင်ငံတွင် နိုင်ငံခြားသား အားလုံးကို Wifi အင်တာနက်ကွန်ရက် အသုံးပြု ခွင့် ပိတ်ပင်ကြောင်း သတ်မှတ်ချက် တစ်ရပ်ကို အတည်ပြု ထုတ်ပြန်လိုက်သည်။
အကယ်၍ အဆိုပါ သတ်မှတ်ချက်ကို ဖောက်ဖျက် ပါက ကြီးမားသော ဒဏ်ကြေးပေးဆောင်မှုမျိုးနှင့် ကြုံရမည်ဟု Xinhua သတင်းဌာနက ဖော်ပြထား သည်။
ပြီးခဲ့သည့် သီတင်းပတ်က ပြုံယမ်းရှိ နိုင်ငံခြား သံရုံးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံအတွင်း အလုပ်လုပ်နေသော ပြည်ပ အလုပ်သမား အားလုံးထံသို့ အစိုးရ တာဝန်ရှိသူများက ဆက်သွယ်ပြီး ၎င်းတို့၏ Wifi ကွန်ရက် တပ်ဆင် အသုံးပြုမှုများကို ဖယ်ရှားရန် အသိပေးခဲ့သည်။
လတ်တလောတွင်မူ မြောက်ကိုရီးယား၌ ကာလကြာရှည် နေထိုင်သည့် နိုင်ငံခြားသား အချို့ကို သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ Wifi အင်တာနက် ချိတ်ဆက် အသုံးပြုမှု ခွင့်ပြုပေးထားသည်။
သို့သော်လည်း ကာလတို လာရောက်လည်ပတ်သူများနှင့် အခြားသော နိုင်ငံခြားသားများသည် Wifi ကွန်ရက် သုံးစွဲခွင့် မရှိဘဲ မြောက်ကိုရီးယား အစိုးရ၏ Koryolink မိုဘိုင်းကုမ္ပဏီက ထောက်ပံ့သည့် 3G ကွန်ရက်ဖြင့်သာ အင်တာနက် အသုံးပြုနိုင်မည်ဟု သိရှိရသည်
မောင်ထွန်းကျော်ဦး မံရွာ
Post a Comment