♪ မိုဘိုင်းဖုန်း ပြုပြင်ခြင်း ဆိုင်ရာ နည်းပညာရပ်များအတွက် အသင့်တော် ဆုံး သင်တန်း ♫

Mobile ပညာရပ်ကိုလေ့လာလိုက်စားချင်သူများ စိတ်ပါဝင်စားသူများ အနေနဲ့ ဒီစာလေးကို 3မိနစ်ခန့် အချိန်ပေးပြီးဖတ်စေချင်ပါတယ်ဗျာ။ 3မိနစ်လောက်နဲ့ အများကြီးအကျိုးရှိစေမယ့် Post လေးတစ်ခုဖြစ်မယ် ဆိုတာ အာမခံပါတယ်ဗျာ။

အချိန်ကားးး ညနေ လေးနာရီ ….. တနင်္ဂနွေနေ့မို့ ပြောင်ကြီး တစ်ယောက် ဆိုင် ကလည်း ပိတ်တော့ အေးအေးဆေးဆေး ဖြစ်နေသည် ။

ဒီအချိန်ဆို ဘော်ဒါတွေ ဘောလုံးကွင်းမှာ ရှိလောက်သည် ဟု စဉ်းစားပြီး ဘောလုံးကွင်းဘက် ထွက်လာသည် ။ ထူးထူးဆန်းဆန်း တစ်ကောင်မှ မတွေ့ရ ….. ။

အဲ့ဒါနဲ့ လက်ဖက်ရည်ဆိုင်ဖက် ထပ်ပြီး ထွက်လာခဲ့သည် …. ။

လက်ဖက်ရည်ဆိုင်တွင်လည်း တစ်ယောက်မှ မရှိ … ။ မထူးတော့ဟု စဉ်းစားပြီး တစ်ယောက်တည်းပဲ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေလိုက်တော့သည် …. ။

“ညီလေး ရေ .. ပုံမှန် တစ်ခွက် ဟေ့ ” ဟု မှာပြီး ခုံပေါ်မှ တွေ့သော နည်းပညာ ဂျာနယ် တစ်ခု ကောက်ဖတ် နေလိုက်သည် …. ။

ပထမဆုံး စာမျက်နှာ လှန်လိုက်တည်းက တွေ့လိုက်ရတဲ့ .. မိုဘိုင်းဖုန်း ပြုပြင်ခြင်း သင်တန်းကျောင်း တွေရဲ့ ကြော်ငြာတွေကို စိတ်ဝင်တစ်စား ဖတ်ရှုနေရင်းးးး ……

“ဟိတ်ကောင် … ပြောင်ကြီးးး ” ဟု ခေါ်သံကြောင့် ….. ဆတ်ခနဲ လှည့်ကြည့်မိတော့ ……

“ဟာ ….. ဖက်တီးးး သားကြီးးးး မတွေ့တာတောင် ကြာပြီ ….. လာ … ထိုင်ကွာ …. ” 

“ပုံမှန် နောက် တစ်ခွက်လောက် ဟေ့ ….. ”

“အေးး ဟုတ်ပကွာ … ငါတို့ မတွေ့တာတောင် တော်တော်ကြာသွားပြီ …… ဒီကြားထဲ မင်းဘာတွေ လုပ်နေလဲ ပြောင်ကြီးရ ….. ”

“အေး ငါလည်း ဒီလိုပါပဲ ကွာ .. ဟိုလုပ်လိုက် ဒီလုပ်လိုက်နဲ့ လောလောဆယ် တော့ ဆိုင်ခန်း လေး တစ်ခန်း ဌားထားပြီး ဖုန်း Service ဆိုင် လေး ဖွင့်ထားတယ်ကွ …. ။ Software , Hardware အားလုံး ပြုပြင်တယ် ဆိုပါတော့ကွာ ….. ”

“ဟ .. ကောင်းလှချည်လားကွ …..ဟန်ကျတာကွာ .. လုပ်စမ်းပါဦးးး .. ငါ့ဖုန်းလေး တစ်ချက် ကြည့်ပေးစမ်းပါ …. ငါ အင်တာနက်ကနေ ဘာပဲ ဒေါင်းလုပ်ဆွဲဆွဲ ဆွဲ မရတော့ဘူး ဟ… ။ ဓာတ်ပုံ လည်း ရိုက်လို့ မရတော့ဘူး Not Enough Space လို့ပဲ ပြနေတယ် ……  ”

“မင်း ကတော့ ဖလာကြိတ်ပြီ ….. အေး ဒီဝိုင်း မင်းရှင်းလိုက်ကွာ …. အဲ့ဒါဆိုရင်တော့ လုပ်ပေးမယ် …. ”

“ဒီလူနဲ့ ဒီလူ ပြောစရာ လား ကွာ …. အေးပါ ရှင်းပေးမယ် … ရော့ ဒီမှာ င့ါဖုန်းးး ….. ”

“အေးး မင်းဖုန်းထဲမှာ ဘာတွေ အရေးကြီးတာတွေ ရှိလဲကွ … အတတ်နိုင်ဆုံးတော့ မလိုတာတွေ အကုန် ဖျက်ပစ်တာ ကောင်းတယ် … ။ ပြီးတော့ မင်းဖုန်းထဲမှာ သတင်းစုံ Application တွေလည်း  အရမ်း များနေတယ် …. အသုံးမ၀င်တဲ့ ဟာတွေ ဖျက်လိုက်မယ် ကွာ ….. ”  ဟု ပြောဆိုပြီးးး ….

ခဏ အကြာ …..

“ရော့ … ဖက်တီးးး မင်းဖုန်း ရပြီ …. ။ သုံးကြည့်ဦးးး ….. ”

…...............................................

“အေးး ဟုတ်တယ် … ရသွားပြီ ပြောင်ကြီးရေ …. ကျေးဇူးကွာ ….ဒါနဲ့ တစ်လက်စတည်းး  ”

“ဟိတ်ကောင် .. နေတော့ .. မင်း က နည်းနည်းတော့ များသွားပြီ … တစ်လက် မစတည်းနဲ့တော့ .. ငါ လစ်တော့မယ် …. ”

“လုပ်ပါ ပြောင်ကြီးရာ ..မင်းက ချစ်ဖို့ကောင်းပါတယ်ကွာ ….. ။ တစ်ခုပဲ ကျန်တော့တာပါ … ။ ငါ့ဖုန်း က message မြန်မာလို ပို့ရင် ဟိုဘက်မှာ အတုံးတုံး တွေပဲ သွားပေါ်တယ် …. ဆိုင်တွေလည်း မသွားချင်တာနဲ့ .. လုပ်ပေးပါဦးကွာ.. အဲ့ဒါလေးးး ”

“ဟက်  ဟက် .. သားလေးးး ရေတောင် ၀ယ်သောက်နေရတဲ့ ခေတ်ကြီးမှာ ဘာမှ အလကား မရဘူး သိလားးး လခွီးပဲ … ဖုန်း ပေးးး ”

ဂွက် … ဂွက် …. ဂွက် …. သုံးလေးချက်လောက် ကောက်နှိပ်လိုက်သည် ….

“ရော့ … ရပြီ ….”

“ဟေ … မြန်လှချည်လား ကွ .. မင်းဟာ ဟုတ်ရော ဟုတ်ရဲ့လားးးး ပေး ကြည့်မယ် …….  ”

“အေးး တော်ချက်ကွာ ….. တယ်ဟုတ်ပါလား ဟ … မင်းတောင် ဖုန်းနဲ့ ပတ်သတ်ပြီး တော်တော် ရနေပြီပဲ ….”

“အေး အဲ့ဒါဆို ငါ တစ်ခုလောက် မေးဦးမယ်ကွာ …  ငါလည်း ဖုန်းနဲ့ ပတ်သတ်ပြီး သင်တန်း တက်ချင်တယ် ..အဲ့ဒါ … ဘယ်သင်တန်း တွေ ကောင်းလဲ … တစ်ချက် မင်း ပြောပေးဦးးး ”

“အေး လောလောဆယ်တော့ ရန်ကုန်မှာ မိုဘိုင်းဖုန်း ပြုပြင်နည်း သင်တန်းတွေ က အများကြီး ဟ …. ဒါပေမဲ့ ငါတက်တဲ့ သင်တန်း က တော့ အဆင်ပြေတယ် …. Service ဆိုင်လည်း တွဲဖွင့် ထားတာ ဆိုတော့ … Customer တွေ လာတာနဲ့ ချက်ခြင်း ဖုန်း အနိမ့်တွေရော အမြင့်တွေရော တန်းပြီး ကိုယ်တိုင် ပြင်ရတာကွ …  ”

“တယ်ဟုတ်ပါလားကွ … ဆက်စမ်းပါဦးးး ”

“င့ါသင်တန်းမှာ Software , Hardware တစ်မျိုးစီကို နှစ်သိန်းနဲ့ နှစ်မျိုးပေါင်း လေးသိန်း ယူတယ် ကွ …. Discount တွေ ဘာတွေ မရှိဘူးးး ။ နယ်က တက်မဲ့ သူတွေ အတွက်ကတော့ နှစ်မျိုးလုံး တက်မယ် ဆိုရင် အဆောင် အခမဲ့ စီစဉ်ပေးတယ် …. တစ်မျိုးထဲ တက်ပြီး နေစရာ အဆင်မပြေလို့ အဆောင်နေမယ် ဆိုတဲ့ သူတွေ အတွက်လည်း အဆောင်လခ နှစ်သောင်း နဲ့ စီစဉ်ပေးတယ် ကွ … ”

“ရန်ကုန် က လူတွေ ကတော့ အဆောင် မလိုပါဘူး ကွာ … အဲ .. ဒါပေမဲ့ .. အဆောင် မယူလို့ ဆိုပြီး သင်တန်းကြေး တော့ မလျှော့ဘူး ကွ …. ငါတောင် ငါ့ဆရာ ကို ပြောလိုက်သေးတယ် …. ”

“တကယ် တတ်မယ် ဆိုရင် သင်တန်းကြေး က အရေးမကြီးပါဘူး ကွာ… ထားတော့ … ကဲ …  ကျန်တဲ့ သင်တန်း သင်တဲ့ အပိုင်းကို ဆက်ကွာ …. ”

“အဓိက ကတော့ .. Software ပိုင်းမှာ ဆိုလည်း Samsung , Sony , HTC , Hawei စတဲ့ ဖုန်း တွေ အပြင် ခု နောက်ဆုံး ထွက် ရေပန်း စားနေတဲ့ Coolpad တို့ ၊ Lenovo တို့ စတာ တွေကိုလည်း Firmware ရေးတာ ၊ မြန်မာဖောင့် ထည့်တာတွေ က အစ သင်ပေးတယ်ကွ …. ပြီးတော့ တန်ဖိုးနည်း China Clone လေးတွေ ၊ Tablet လေးတွေ ကိုလည်း Firmware ရေးတာတွေ အကုန် သင်တယ် …. ”

“Pattern , Password Lock ဖြည်တာတွေ ၊ ADB Command သုံးပြီး User Data တွေ မပျက်ပဲ Lock ဖြည်တာတွေ အပြင်ကို Facebook Account ဖွင့်တာတို့ , Lock ဖြည်တာတို့ နဲ့ တစ်ခြား Computer နဲ့ ပတ်သတ်တဲ့ ဗဟုသုတ တွေ အကုန်လုံးကိုလည်း ထည့်ပြီး သင်ပေးတယ် ကွ …. ”

“အဓိက ကတော့ Software ပိုင်းနဲ့ ပတ်သတ်ပြီး $$ ရနိုင်မဲ့ နည်းစနစ်တွေ အကုန် သင်တယ် ဆိုပါတော့ကွာ ”

“ပြီးတော့ . တစ်ခြား သင်တန်းတွေနဲ့ မတူပဲ တစ်ချက် ကောင်းတာက …. ငါတို့ကို ပေးတဲ့ Data တွေ အရမ်း ကောင်းတယ်ကွာ…. လုံးဝ မိုက်တယ် …. ။ Harddisk ထဲမှာ Data တွေက လုံးဝ ကို စီစီရီရီနဲ့ သပ်သပ်ရပ်ရပ်ပဲ ….. ဖုန်း မော်ဒယ် တစ်ခု စီ တိုင်း အတွက် Folder တစ်ခု စီ … အဲ့ Folder အောက်မှာ မှ ငါတို့ offical firmware လား ၊ custom firmware လား ၊ roo

Post a Comment

أحدث أقدم