ကွန်ပျူတာကို အချိန်တစ်ခု ကြိုတင်သတ်မှတ်ပြီး ပိတ်ထားဖို့လိုရင်သုံးဖို့ပါ။ မိမိသတ်မှတ်ထားတဲ့အချိန်ရောက်တာနဲ့ အလိုအလျောက်ပိတ်သွားမှာပါ။ ဆော့ဝဲတွေတော့ရှိပါတယ် ခုနည်းကတော့ manual နည်းလေးဖြစ်ပါတယ်။ မသိသေးသူများအတွက်ပေါ့ဗျာ
How To Make A Shutdown Timer!
********** METHOD 1 ***************
1. Desktop မှာ RightClickထောက်"New=>shortcuts"ကိုသွားလိုက်ပါ။
2. "Type the location of the shortcut"ဆိုတဲ့အကွက်မှာ
shutdown -s -t 3600 လို့ရိုက်ပြီး next နှိပ်ပါ။ 3600 ဆိုတာ စက္ကန့်ပါ။ မိမိ ပိတ်ထားလိုတဲ့နာရီကို စက္ကန်နဲ့တွက် ရိုက်ထည့်ပါ။ခုတိုင်းဆို နောက်တစ်နာရီရှိတာနဲ့ကွန်ပျူတာပိတ်သွားပါမယ်။
3. Shortcut name ကိုကြိုက်တာပေးပါ။.ပြီးရင် shortcut ကို double click နဲ့ run ပေးလိုက်ပါ။
icon ချိန်းချင်ယင်တော့=>properities=>change icon=>browse ကနော ico ဖိုင်လေးရှာ ပေးလိုက်ပါ။
အဲဒလိုသတ်မှတ်ထားတာကိုပြန်ဖျက်ချင်ယင်:
new >shortut တစ်ခုပြန်လုပ်ပြီး
"Type the location of the shortcut"ဆိုတဲ့အကွက်မှာshutdown -a လို့ရိုက်ပြီး ဖန်တီးလိုက်ပါ။ပြီးရင် shortcut ကို ကလစ်နှစ်ချက်နဲ့ run ပါ။
********* METHOD 2 *************
နောက်ထပ်လွယ်ကူတဲ့နည်းလေးကတော့Run box မှာရိုက်ထည့်လိုက်ရမှာဖြစ်ပါတယ် ဥပမာ 11:35am မှာပိတ်စေချင်ယင်
start=>Run
at 11:35 shutdown -s လို့ရိုက်လိုက်ပါ။
ပြန်ဖျက်မယ်ဆိုရင်တော့
shutdown -a
လို့ရိုက်ထည့်ပေးလိုက်ပါခင်ဗျား
by HanwailinnHanwailinn
www.facebook.com/hanwailinn.hanwailinn
www.sayyoethe.blogspot.com


ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်
မြန်မာပြည်မှ မုံရွာသားလေးထွန်းကျော်ဦး tunkyawooinfo@gmail.com tunkyawoo@mail.ru
إرسال تعليق