ကာတာဆက်သွယ်ရေး ကုမ္ပဏီ Ooredoo Myanmar သည် ရန်ကုန်မြို့တွင်း ဖွင့်လှစ်ထားသော လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်ကိုင်နေကြသည့် ကျောင်းနေအရွယ် ကလေးများ၏ အချိန်ပိုင်း စာသင်ကြားနိုင်မည့် ရွေ့လျားစာသင်ကြားမှု အစီအစဉ်တစ်ခုကို ပရဟိတ အဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်း လုပ်ကိုင်သွားတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။ Ooredoo Myanmar သည် MyME အမည်ရှိ ပရဟိတ အဖွဲ့အစည်းတစ်ခုနှင့် ပူေးပါင်းပြီး ဘတ်စ်ကားများပေါ်တွင် စာသင်ကြားပေးမည့် အစီအစဉ်အတွက် ဆက်သွယ်ရေး နည်းပညာနှင့် ကွန်ပျူတာ သင်ကြားမှုပိုင်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဆက်သွယ်ရေး ကုမ္ပဏီမှ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးတာဝန်ခံ ဒေါ်သီရိကြာညိုက ပြောကြားသည်။ ကာတာဆက်သွယ်ရေး ကုမ္ပဏီနှင့် MyME Mobile Education Project သည် ၂၀၁၅ ခုနှစ်အတွင်း လက်ဖက်ရည်ဆိုင်များ၌ အလုပ်လုပ်ကိုင်နေကြသည့် ကလေးငယ် အရေအတွက် ၃၀၀ အထိ သင်ကြားနိုင်ရန် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။ ရန်ကုန်မြို့ အပါအဝင် မြို့ကြီးများပေါ်တွင် ဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်များ၌ အလုပ်လုပ်ကိုင်နေသည့် ကလေးများကို စာသင်ကြားပေးမည့် အဆိုပါ ရွေ့လျားမိုဘိုင်း စာသင်ခန်းများအား မြန်နှုန်းမြင့် အင်တာနက်ကွန်ရက်ကို ချိတ်ဆက်ပေးပြီး ကွန်ပျူတာ ကျွမ်းကျင်မှုများ ရှိလာစေရန်အတွက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း MyME Mobile Education Project မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ MyME ရွေ့လျားစာသင်ကြားပေးရေး စီမံကိန်းသည် ပြီးခဲ့သည့် နှစ်အနည်းငယ်က ရန်ကုန်မြို့တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ကာတာဆက်သွယ်ရေး ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်သည် လာမည့် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ မြို့ကြီးများပေါ်တွင် ဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်အချို့တွင် အလုပ်လုပ်ကိုင်နေကြသည့် ကလေးငယ်များကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""
Ooredoo Myanmar နှင့် MyME ပူးပေါင်းပြီး ရွေ့လျားစာသင်ကြားရေး အစီအစဉ်ကို ၂၀၁၅ တွင် စတင်မည်
TKO
0
إرسال تعليق