မင်္ဂလာပါ
ဒီပို့လေးကို OS ကမ္ဘာထဲကို ၀ါသနာတူလို့ ရောက်လာကြတဲ့
ဘော်ဒါများအားလုံး သိသင့်တယ်ထင်လို့ တစ်ဆင့်ပြန်လည်
မျှဝေလိုက်ပါတယ်။ သိပြီးသားသူများကတော့ ကျော်သွားလိုက်ပါခင်ဗျာ။
မသိသေးတဲ့ ဘော်ဒါတွေ အတွက်တော့ ဒီနည်းပညာလေးကို
အသေအချာလေ့လာထားသင့်တယ်လို့ ကျနော် အကြံပြုပါရစေ။
ခေတ်စနစ်အရ နည်းပညာတွေက နေ့စဉ်နှင့်အမျှ ကြောက်ခမန်းလိလိ
တိုးတက်ပြောင်းလဲလာနေတာကို သတိထားမိကြမှာပါ
ဒီကြားထဲ ကျနော်တို့က ထုတ်ကုန်ပစ္စည်းတွေကိုသာ
လေ့လာသင်ကြား စမ်းသပ်နေကြရတာက များပါတယ်။
ကျနော်လက်လှန်းမှီသလောက်ပြောရရင်တော့ OS အပိုင်းဟာ
လွယ်မယောင်နဲ့ ခက်တဲ့ တကယ့် Technological Art ကြီးတစ်ခုပါ။
လေ့လာရင်းက လေ့လာစရာတွေ ထပ်တိုးတိုးလာနေတာကတော့
တားမရတဲ့ environmental issues ဖြစ်မယ်ထင်ပါတယ်။
ဒီတော့ခါ စနစ်ရဲ့ သားကောင်တွေဖြစ်တဲ့ ကျနော်တို့က
အတွေးသစ်အမြင်သစ်တွေနဲ့ အနာဂါတ်စိန်ခေါ်မှုတွေကို
OS ကမ္ဘာနဲ့အတူ ခေတ်ဟောင်း စနစ်ဟောင်း အတွေးဟောင်းတွေကို
စွန့်လွှတ်ရဲတဲ့သတ္တိတော့ ရှိသင့်နေပါပြီ။ (လေကြောရှည်ကြည့်တာ)
ပြောလိုတာက ဟိုတုန်းက အသုံးတည့်တဲ့ ၀င်းဒိုးတင်ရင်
အခွေနဲ့မှအဆင်ပြေတာ၊ အခွေရှိနေမှ ၀င်းဒိုးတင်ဖြစ်တာ၊
ခွေအဖြစ် မဖန်တီးရသေးတာနဲ့ iSO Files များလည်းအသင့်မရှိနေသေးတော့
ခွေ Brun မဖြစ်သေးတာ၊ စသည့် ခေတ်မဆန်တော့တဲ့ စနစ်ဟောင်းကြီးကို
မြန်ဆန်ပြီးစီး တိကျပြီး လူပန်းသက်သာတဲ့ စနစ်မျို့းဆို
အချိန်တစ်နာရီမှာ အလုပ်ပေါင်းများစွာကို ထိုအတွေးဟောင်းထဲက
ဖဲ့ခြွေရယူနိုင်ပါမှာ သေချာပါတယ်။
ဒီတော့ ခါ ၀င်းဒိုးစနစ်အရ ပိုမိုမြန်ဆန်ပြီး လူပန်းလည်းသက်သာ
ဆောင်ယူရတာလဲ အခက်မရှိ စမတ်လည်းရှိ ပညာလည်းတိုး
အလုပ်ပိုပြီး တွင်ကျယ်မည့် USB မှတစ်ဆင့် ၀င်ဒိုးတင်နိုင်ဖို့ကို
အသေအချာလေ့လာသင့်ပါတယ်။
ကဲဗျာ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး စနစ်ကိုလက်ခံပြီး
အချိန်ကြာပြီး အလုပ်မပြီးမြောက်နိုင်တဲ့ စနစ်ကို Evolution လုပ်ချင်ရင်တော့
အောက်မှာ အသေးစိတ်လေ့လာနိုင်ပါပြီ။
Window 7,8 ISO ဖိုင်လ်တွေကို USB (Pendrive) ကနေတဆင့်
ဝင်းဒိုးတင်လို့ရအောင် Windows 7 USB / DVD Download Tool နဲ့
Burn နိုင်ပါတယ်.... USB 4GB တစ်ချောင်းဆိုရင် လုံလောက်ပါတယ်...
၁။ နောက်ဆုံးဗားရှင်း Software ကို အောက်မှာဒေါင်းယူပါ။
OR
OR
၂။ Software ကို ဒေါင်းယူပြီးရင် Double-click နဲ့ Run လိုက်ပါ
Browse ကတဆင့် Win 7,8 ISO ဖိုင်လ်ကို ညွှန်းပေးလိုက်ပါ. Next ကိုနှိပ်ပါ...
၃။ USB Device ကိုရွေးပေးပါ...
၎။ Down Arrow ကနေတဆင့် မိမိ USB ကိုရွေးပေးပါ...
၅။ အချိန် အနည်းငယ်ကြာပါတယ် ... 100% Surccessfully ဆိုရင်
USB က တဆင့် Window 7,8,10 တင်ဖို့ အဆင်သင့်ဖြစ်သွားပါပြီ....
DVD ထဲကိုလည်း အထက်ပါ နည်းလမ်းအတိုင်း (ပုံ ၂) မှာ DVD ကိုရွေးပြီး Burn နိုင်ပါတယ်...
အဲ့ဒီ USB ကို ကွန်ပြူတာမှာတပ်ပြီး Restart ချ...
Boot Menu မှာ First Boot Device ကို စောစောက
USB ကိုရွေးပေးပြီး Window တင်နိုင်ပါပြီ.....
Ref-www.winkabarkyaw.net
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)
إرسال تعليق