css ဆိုတာဘာလဲ?
* CSS ဆိုတာ Cascading Style Sheets ရဲ့ အတိုကောက်ပါ...။
* HTML elements (HTML ရဲ့အစိတ်အပိုင်းတွေ) ကို ကွန်ပျူတာ Screen မှာဘယ်လို ဖော်ပြရမယ်ဆိုတာကို Style Sheet က ညွှန်ပြပါတယ်..။
* Style တွေဟာ ဖြစ်တတ်တဲ့ ပြသနာတွေကို ဖြေရှင်းဖို့ HTML 4.0 ကနေစပြီး ပေါင်းထည့်လာတာဖြစ်ပါတယ်...။
* External Style Sheet များဟာ HTML Code ရေးရတဲ့အလုပ်ကို အများကြီးသက်သာစေတယ်...။
* Style တွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် အမြောက်အမြားဟာ ရလဒ် (လှပတဲ့ Web Page) တခုကို ပေါင်းစည်းဖြစ်ပေါ်စေတယ်...။
CSS syntax (၀ါကျဖွဲ့စည်းပုံ/ရေးသားရန်သတ်မှတ်ချက
CSS ကို
tag တွေကြားထည့်ပြီး HTML ရဲ့ အရှေ့မှာ ထည့်ရေးရပါတယ်..
HTML Code:
CSS ကို အပိုင်း (၃) ပိုင်းနဲ့ ဖွဲ့စည်းထားပါတယ်...
A seletor = ခေါင်းစဉ်ပိုင်းလို့အလွယ်ခေါ်မယ်..
A property = ဂုဏ်သတ္တိပိုင်းလို့ အလွယ်ခေါ်မယ်...
A value = တန်ဖိုးပိုင်းလို့ အလွယ်ခေါ်မယ်...
အဲဒီတော့ CSS ကို ဒီလိုဖွဲ့စည်းတယ်...
HTML Code:
selector {property: value}
ခေါင်းစဉ် {ဂုဏ်သတ္တိ: တန်ဖိုး}
(Style ရဲ့ခေါင်းစဉ်ကို ရိုက်မယ်.. ပြီးရင် Space တချက်ပုတ်မယ် { ကိုရိုက်မယ်။ သူ့ရဲ့ဂုဏ်သတ္တိ၊ ဥပမာ color/font အစရှိတဲ့ ဟာတွေ ရိုက်မယ်။ : ကိုရိုက်မယ်။ ပြီးရင် Space တချက်ထပ်ပုတ်မယ်။ ကိုယ်လိုချင်တဲ့တန်ဖိုးကို ရိုက်မယ်..။ ပြီးရင် } ကို ရိုက်မယ်။ ဒါဆိုရင် Style တစ်ခုကို ရေးပြီးသွားပြီပေါ့။)
ဥပမာ-
HTML Code:
body {background-color: green}
အလုပ်လုပ်ပုံလေးကတော့
Seletor က သင် ပုံစံပြောင်းချင်တဲ့ HTML element ဒါမှမဟုတ် tag တခု ရဲ့အမည်ပါပဲ။ အပေါ်မှာ body လို့ပြထားတော့ သင့် Web စာမျက်နှာတိုင်းရဲ့ body ပိုင်းမှန်သမျှကို အကျိုးသက်ရောက်စေမှာပါ။ Property က ကိုယ်ဖြစ်ချင်တဲ့ ပုံစံပါ.. ဥပမာ background-color: ဆိုတော့ နောက်ခံအစိမ်းရောင်ပြောင်းချင်တဲ့သဘောပေါ့ ။ Value ကတော့ ကိုယ်ထားချင်တဲ့တန်ဖိုးပါ။ ဥပမာ color: green ဆိုတော့ အစိမ်းရောင်လို့ သတ်မှတ်ပေးတာပေါ့။
မှတ်ချက်။ Value ဟာ စာလုံးတစ်လုံးထက်ပိုနေရင်တော့ double Quote နှစ်ခုထဲ ထည့်ရေးပါ။
HTML Code:
p {font-family: "sans serif"}
မှတ်ချက်။ Property ပိုင်းမှာ တစ်ခုထက်ပိုပြီးထည့်ချင်ရင်တော့ ဆီမီးကော်လံ ( ; ) လေး ထည့်ပြီး ရေးရပါတယ်။
HTML Code:
p {text-align:center;color:red}
Style တွေရဲ့ Code တွေကိုရေးရာမှာ အမှားပြန်ရှာလို့လွယ်အောင် သပ်သပ်ရပ်ရပ် စနစ်ကလေးထားပြီး ရေးသင့်ပါတယ်.. Readable ဖြစ်အောင်ပေါ့နော်... ဒီလိုလေးတကြောင်းချင်း ရှင်းရှင်းရေးဖို့ ပြောတာ -
HTML Code:
HTML Code:
h1,h2,h3,h4,h5,h6
{
color: green
}
Grouping
Selector တွေကို Style တူရာစုကာ အုပ်စု (Group) တစ်ခု ဖွဲ့ပြီးရေးနိုင်ပါတယ်..။ ဒီလိုရေးမယ်ဆိုရင်တော့ Selector တစ်ခုစီကို ကော်မာ ( , ) ခံပြီး ရေးပေးရမှာပါ။
အောက်က ဥပမာမှာ ကျွန်တော်တို့ဟာ ခေါင်းစဉ် (heading) အစိတ်အပိုင်းတွေကို အုပ်စု တစုအဖြစ် ရေးလိုက်တာပါ။ ဒီလိုရေးလိုက်ခြင်းအားဖြင့် ခေါင်းစဉ်အရွယ်အစားအားလုံးကို အစိမ်းရောင်စာလုံးနဲ့ ဖော်ပြစေမှာဖြစ်ပါတယ်။ Code တွေ အများကြီးရေးစရာမလိုတော့ပဲ ဒီတချက်ထဲနဲ့ ခေါင်းစဉ်အားလုံးကို အညှာကိုင်လိုက်တဲ့သဘောပါ။
Class Selector (Selector ကို ပုံစံခွဲပြီးရေးခြင်း)
Class Selector ကို သုံးခြင်းအားဖြင့် HTML element (အစိတ်အပိုင်း) တခုထဲမှာကို Style တွေ အမျိုးမျိုးခွဲရေးလို့ ရပါသေးတယ်တဲ့...
ဆိုလိုတာက Web စာမျက်နှာတစ်ခုထဲမှာပဲ စာပိုဒ်တွေကို စတိုင် နှစ်မျိုးသုံးပြီးရေးချင်တယ်... တမျိုးက စာပိုဒ် ဘယ်ညှိ အနေအထား၊ နောက်တစ်မျိုးက စာပိုဒ် ညာညှိအနေအထား .. ဒီလိုမျိုးလိုချင်လာပြီဆိုရင် Class Seletor ကိုသုံးခြင်းဖြင့်ရနိုင်ပါတယ်... အောက်မှာကြည့်ပါ...
HTML Code:
p.right {text-align: right}
p.center {text-align: center}
Style ပိုင်းမှာ အဲဒီလို Class Selector ရေးခဲ့ပြီးရင် အဲဒီ Style ကို ပြန်ခေါ်သုံးဖို့အတွက် Body ပိုင်းကျတော့ ဒီလိုလေးခေါ်သုံးရတယ်...
HTML Code:
This paragraph will be right-aligned.
This paragraph will be center-aligned.
မှတ်ချက်။ အဲဒါအပြင်ပေါ့လေ.. element တခုစီအတွက် ရေးထားတဲ့ class Selector ရဲ့ ဂုဏ်သတ္တိအပြင် ပိုပြီးလိုချင်သေးရင်တော့...
ဒီလိုလေးရေးကြည့်ပါအုံး...
HTML Code:
This is a paragraph.
အပေါ်က ကုတ်ကလေးက Calss center ကြောင့် အလယ်ညှိစာပိုဒ်ကလေးရတဲ့အပြင် Bold လေးလည်း အပိုဆောင်းတင်ပေးထားတာကို တွေ့ရမယ်ဗျ...
အခုရေးခဲ့ပေးတာကတော့ စာပိုဒ်တွေအတွက် class ရေးတာပေါ့နော်.. ဆိုလိုတာက p.center လို့ ရေးတဲ့အတွက် စာပိုဒ်အတွက်ပဲ အလယ်ညှိ သက်ရောက်မှု ရှိပါတယ်.. ကျွန်တော်တို့က အဲဒီထက်ကို ပိုပြီး သုံးခွင့်ရအုံးမလား ဆိုရင်... ရပါသေးတယ်..
အပေါ်မှာရေးခဲ့တဲ့ Class Selector ထဲက Selector ကို ချန်ခဲ့ပြီး Class သက်သက်ကိုပဲ ရေးလို့ရှိရင် ဘယ်လိုနေမလဲ...
HTML Code:
.center {text-align: center}
အဲဒီ ကုတ်ကလေးကို အောက်မှာပြထားတဲ့အတိုင်း body ကနေခေါ်သုံးရင်.. heading ပိုင်းရော စာပိုဒ်ရော မတူတဲ့ element နှစ်ခုလုံး အလယ်ညှိသွားတာကို တွေ့ရမယ်...
HTML Code:
This heading will be center-aligned
This paragraph will also be center-aligned.
တခုတော့ရှိတယ်ဗျ.. Class name ရဲ့အစကို ကိန်းဂဏန်းပေးထားလို့မရဘူး.. ပေးထားရင် Mozila Firefox မှာ အလုပ်မလုပ်ဘူး
HtunKyawOo 09256375318
Post a Comment
أحدث أقدم