Firefox Tab တွေနားက ဒီဇိုင်းပြောင်းသွားမယ့် Add-on

ကဲ.... Mozilla Firefox မှာ ... အဆင်ပြေစေဖို့ တွဲဖက်ပေးမယ့်

Add on ပေါင်းများစွာထဲကမှ ဒီတစ်ခါတော့ ဒီဇိုင်း (Theme) အဒ်တွန် တစ်ခု မိတ်ဆက်ပေးပါ့မယ်။

စိတ်ဝင်စားရင် ဒီကို နှိပ်ပါ။

https://addons.mozilla.org/en-US/firefox/themes/

 

 

ဘေးမှာတန်းစီပြီးပြထားပါတယ်။

Up & ComingMost PopularTop RatedRecently Added AbstractCausesFashionFilm and TVFirefoxFoxkehHolidayMusicNatureOtherScenerySeasonalSolidSportsWebsites

စသဖြင့်ပေါ့. အဲ့သည့်ထဲက ကိုယ်ကြိုက်တာ တစ်ခုကို နှိပ်လိုက်ပါ။

ကျွန်တော်ကတော့ အောက်ဆုံးက Website ဆိုတာကိုနှိပ်လိုက်ပါတယ်။

ပွိုင်တာလေး တင်ရုံ..တင်လိုက်တာနဲ့ +Add ဆိုတာလေးက ပေါ်လာပြီနော်...

အဲ့ဒါကို နှိပ်ရင်လည်းရတယ်။ ဒါပေမယ့် Firefox မှာ Version အမျိုးမျိုးရှိပြီး အဆင်ပြေတဲ့ဟာက ပြေ

မပြေတဲ့ဟာက မပြေမို့ အဲ့သည့် အဒ်ကို မနှိပ်ဘဲ...

ဒီတိုင်း ပုံလေးပေါ်ကိုပဲ ကလစ်လိုက်ပါတယ်။

 

ဝင်သွားလို့ ပေါ်လာတဲ့ +add to Firefox ဆိုတာကို ကလစ်လိုက်ရင်

ပုံမှာပြထားသလိုပဲ... ဘားလေးပေါ်လာပြီးမေးပါလိမ့်မယ်။

Allow နှိပ်လိုက်ပါ။

 

ဒါဆိုရင် မိမိစိတ်ကြိုက်ရွေးချယ်ထားတဲ့ ပုံပြောင်းသွားပါပြီ။

ကဲ.. ဒါကို ပြန်ဖျက်ရင်ရော ဘယ်လိုပြန်ဖျက်မလဲ ??

ဒီ Firefox ရဲ့ အပေါ်ဘားတန်းက Option တွေကို တစ်ချက် ဂရုပြုကြည့်ပါ။ အဲ့သည့်ထဲက

Tool >> Add-ons (Ctrl+Shift +A နှိပ်လည်းရပါတယ်)

အဲ့သလိုဝင်လိုက်ရင် Firefox ရဲ့ Add on ကဏ္ဍကို ရောက်သွားပါပြီ။

အကြံပြုချင်တာက တစ်လက်စတည်း တခြာ ကဏ္ဍတွေကို ပါဝင်လေ့လာကြည့်ပေါ့..။

ပေါ်လာပြီဆိုရင်

ဘေးက Appearance ကိုနှိပ်ပြီး

မိမိသွင်းထားတဲ့ Add on တွေကိုပြန်ကြည့်နိုင်ပါတယ်။

ဟုတ်ကဲ့... အဲ့သည့်ထဲကမှ မှင်နီနဲ့ပြထားတဲ့ အတိုင်း Default ကို Enable လုပ်လိုက်ရင်တော့ နဂိုအတိုင်း ပြန်ဖြစ်မှာပါ။

addon တွေ သွင်းထားပြီးရင်တော့ ပြောင်းချင်တဲ့ အခါ အချိန်မရွေးပြောင်းနိုင်သလို

မလိုတဲ့အခါကျ Remove နဲ့ ပြန်ထုတ်နိုင်တာကိုတွေ့ရပါတယ်။

အားလုံးပဲ ... အဆင်ပြေကြပါစေ..။

နောင်လတ်(မန်း)


HtunKyawOo 09256375318

Post a Comment

Previous Post Next Post