Firefox ကို Update လုပ်မိကာမှ မှားပါပြီ ဆိုသူများအတွက်

ကျွန်တော်တို့ မြန်မာနိုင်ငံ မြန်မာလူမျိုးတွေ ရဲ့အသုံးပြုပုံ/ font တွေနဲ့အဆင်ပြေဆုံး

အကိုက် ညီဆုံးနဲ့....

ကွန်နက်ရှင်နှေးနှေးကြားမှာ ရသလောက်ဆွဲပေးတဲ့ အသင့်တော်ဆုံး

Browser ကိုပြပါဆိုရင် Mozilla Firefox ကိုပြရမှာပဲ။

(Google Chrome လည်းအရင်က အစပ်အဟပ်မတည့်ရာကနေ ခုနောက်ပိုင်း တဖြည်းဖြည်း တွင်ကျယ်လာပါတယ်)

အဲ.. .Firefox ဟာ သူ့ Browser နဲ့ပတ်သတ်လို့

လိုအပ်တာမှန်သမျှ အမြန်ဆုံးပြင်. Update လည်းခဏခဏလုပ်ပါတယ်။

်Verion 25 ကိုကျော်လွန်လာပြီးတဲ့နောက် ဒီနောက်ပိုင်း ဗားရှင်းတွေဟာ အကုန် Beta version ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။

ဘီတာဆိုတော့စမ်းသပ်ခါစပဲရှိသေးတော့ အဆင်ပြေချင်မှ ပြေမှာ အားနည်းချက်တွေ ရှိနိုင်တယ်ပေါ့ဗျာ..။

တကယ်လည်းရှိပါတယ်။

ဒီတစ်ခါ လောကွတ်ချော်ပြီး Beta version ကို အပ်ဒိတ်လုပ်ခိုင်းလို့

Firefox 27 တွေ ဖြစ်သွားရသူများဟာ တင်ပြီးနောက်ပိုင်း

Adobe Flash player တွေ swf တွေနဲ့ ပတ်သတ်လို့ ဂဂျီဂျောင် လုပ်ခံရတာတွေ..။

သုံးနေရင်း Background တစ်ခုလုံး အရောင်တွေ ကြောင်ကြောင်ကြားကြားဖြစ်သွားတာတွေ..

အဲ.. လက်ခံလို့ရသေးပေမယ့် .အဆိုးဆုံးကတော့...

သုံးနေရင်း ၁၅ မိနစ်တစ်ခါ နာရီဝက်တစ်ခါ.... Restart ချခိုင်းတာပဲ..

ရုတ်တရက်ပိတ်ပိတ်သွားတော့ ကိုယ့်မှာ စာရိုက်လက်စ တန်းလန်း

ပုံတင်လက်စတန်းလန်းဆိုသွားရော... အနည်းနဲ့အများတော့ လူတိုင်းဟာ ပိုစ့်တင်ချင်တင်..မတင်ရင်တောင်... ကွန်မန့်တွေတော့ပေးတတ်ကြတာပဲဆိုတော့ တစ်ခါတလေ ကွန်မန့်ရှည်ရှည်လေးရေးနေတုန်း

ပျက်သွားရင်တောင်... တော်တော် ဖီးလ်ကျဲချင်စရာပါ။

ကျွန်တော်တောင် အဲ့သည့် ဗားရှင်း ၄ ရက်လားပဲသုံးလိုက်ရတယ်။

ခုဘာစာရေးရေး..... ရေးလက်စ ခဏခဏ Save နေရတာတောင် အကျင့်ပါနေပြီ။

ကောင်းသောအကျင့်လား ကျီးလန့်စာစား အကျင့်လားတော့မသိဘူးပေါ့နော်...။

ကိုင်း... တော်ကီတွေများနေပြီ..။

ပြဿနာ နည်းတဲ့ နောက်ဆုံးပေါ်ဗားရှင်းလိုချင်ရင်တော့

၂၀၁၄ နှစ်ဆန်းအတွက်ကတော့

Firefox 25.0.1 ပါဗျာ။ ၂၀၁၃ ၊ ၁၁ လပိုင်းကမှ ထွက်ထားတာ မကြာသေးပါဘူး။

ဘီတာ ဗားရှင်းမဟုတ်ပါဘူး။ File Size 22 Mb လောက်ပါပဲ။

ဒီမှာ ဒေါင်းပါ

ဒါကို မှ သိပ် မစမ်းရဲသေးရင်

သေသေချာချာ ခိုင်ခိုင်မာမာ အာမခံချက်ရထားတဲ့ Firefox 22.0 ကိုလည်း သုံးနိုင်ပါတယ်။ ၇လကျော်ပဲကြာပါသေးတယ်။ File Size 21 Mb လောက်ပါပဲ။

ဒီမှာဒေါင်းပါဗျာ

မှတ်ချက်။ ။ Friends Myanmar မှာ ကိုယ်တိုင်တင်ထားတဲ့ Link တွေကတော့ နှစ်ပေါင်းများစွာ အာမခံချက်ရှိပါတယ်။ မပျက်ပါဘူး။ ဒါပေမယ့် လောလောဆယ် Error ကြောင့် 7mb အထက်တင်လို့မရတော့လို့

တခြားကလင့်ပဲ အဆင်ပြေအောင် Direct down လုပ်ထားပါတယ်။ ယုံကြည်စိတ်ချရပါတယ်။

အချိန်တွေအရမ်းကြာသွားလို့ လင့်သေသွားရင်တော့ အောက်မှာ မှတ်ချက်ပေးခဲ့ပါ။

Update ပေးပါမယ်။

နောင်လတ်(မန်း)


HtunKyawOo 09256375318

Post a Comment

Previous Post Next Post