Huawei မှ အရှေ့တောင် အာရှဒေသတွင်း ခြေလှမ်းသစ်အဖြစ် Ascend Mate 7 ဖြင့်စတင်


Huawei သည် ၎င်းတို့၏ စမတ်ဖုန်း အသစ်ဖြစ်သော Ascend Mate 7 ကို အရှေ့တောင် အာရှဒေသတွင် မိတ်ဆက်မှုအဖြစ် ဘန်ကောက်မြို့ရှိ W Hotel တွင်စတင် မိတ်ဆက်ခဲ့ကြောင်း သိရသည်။

ယခု စမတ်ဖုန်းသစ်တွင် ကျယ်ပြန့်သော ၆ လက်မ အရွယ်အစားရှိ FHD အမျိုးအစား display ကိုသုံးစွဲထား
ခြင်းကြောင့် ဖျော်ဖြေရေးအတွက် ကောင်းမွန်ပြီး 7.9 mm သာရှိသည့် ပါးလွှာသော ဖုန်းကိုယ်ထည်၊
octa-core chipset ကြောင့် စွမ်းဆောင်ရည် ကောင်းများနှင့် တာရှည်ခံနိုင်သော 4100 mAh အမျိုးအစား ဘက်ထရီတို့ကို ပေါင်းစပ်ထည့်ပေးထားကြောင်း သိရသည်။ သုံးစွဲသူတို့ကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် နည်းပညာ သစ်များအဖြစ် fingerprint Technology နှင့်အသင့် ပြင်ဆင်ထားသည့် EMUI 3.0  ကိုသုံးစွဲထားသည်။

 Ascend Mate 7 သည်  ကမ္ဘာပေါ်ရှိ screen ကြီးမားသော smart ဖုန်းများတွင် နံပါတ်သုံး နေရာသို့ရောက်အောင် ကောင်းမွန်ကြောင်း ပြသနိုင်ခဲ့သည်။
"ကျွန်တော်တို့ရဲ့ အကောင်းစား ထုတ်ကုန်ဟာ သုံးစွဲသူတွေ စိတ်ကြိုက်ဖြစ်ဖို့ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့  Make it possible ခံယူချက်နဲ့ ပိုကြီးမားပြီး ပိုကျယ်ပြန့်တဲ့ စမတ်ဖုန်း အထိအတွေ့ကို သုံးစွဲသူလက်ထဲသို့ မြန်မြန်ပို့ပေး လိုက်နိုင်ခဲ့ပါပြီ" ဟု Huawei ၏အရှေ့တောင် အာရှဒေသတွင်း ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Mr.Yang Shu ကပြောသည်။

Huawei Ascend Mate 7 သည် Screen ကြီးမားသော Smart Phone များထဲတွင် စွမ်းဆောင်မှုမှာ ပိုမိုစမတ်ကျနေပြီး စွမ်းအင်ပိုင်း အထင်ကြီးစရာများနှင့် Single touch fingerprint ကဲ့သို့ ကောင်းမွန်သော နည်းပညာ သစ်တို့ကြောင့် အစဉ်အမြဲ ဦးဆောင်နေမည်ဟု ယုံကြည်ကြောင်း ၎င်းမှဆက်လက် ပြောသည်။
Huawei သည် 2014 ၏တတိယ သုံးလပတ်တွင် ကမ္ဘာအရပ်ရပ်သို့ ဖြန့်ချိနေသော ကုန်ပစ္စည်းပေါင်း 32.03 million ရှိပြီး smart phone ထုတ်ကုန်မှာ 16.8 million ရှိကြောင်းသိရသည်။ နှစ်စဉ်နှစ်တိုင်း ထုတ်ကုန်များအတွက် 26% အထိတိုးတက်နေခဲ့ပြီး Huawei ၏အကောင်းဆုံး ထုတ်ကုန်ဖြစ်သော Ascend Mate 7 နှင့် Ascend P7 တို့ကြောင့်လည်း တင်ပို့ရောင်းချမှုများ ပိုမိုတိုးတက်လျက် ရှိသည်။ အရှေ့တောင် အာရှအတွက် Huawei ၏ အခိုင်မာဆုံး ရောင်းချမှုဝေစုတွင် မြန်မာနိုင်ငံသည် အများဆုံးဖြစ်ပြီး ဒေသတွင်း
နိုင်ငံများတွင် ထိပ်ဆုံး၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။

-စည်သူ

internetjournal

Post a Comment

أحدث أقدم