Linux OS (Fedora) login Root Access (OS Hacking)

LINUX(Fedora) Login Root Access Hacking( LINUX အခြေခံရှိသူများသာ)

Linux (Fedora) မှာ OS login ၀င်လျှင် Root (administrator) အနေနဲ့ ပုံမှန်အရပေးမ၀င်ပါ ။ linux os များသည် လုံခြုံရေး အလွန်တင်းကျက်ထားပါတယ် ။ Root level ရတဲ့သူက windows os မှာဆိုလျှင် administrator account နဲ့ တူပါတယ် ။ linux မှာ root level ရတဲ့လူက os ကို ဖြတ်မယ်ပြုမယ် os ကို format delete လုပ်ရင်တောင် windows os မှာလို ဖျက်မှာလား လုပ်မှာသေချာလား လို့ မေးနေမှာမဟုတ်ပါဘူး ... လုံခြုံရေးအရ၄င်း အန္တရာယ်များသောကြောင့် ၄င်း login ကို root နဲ့ ပေးမ၀င်တာဖြစ်ပါတယ် ။
ကဲ..... Root account နဲ့ ပေးမ၀င်တာကို ကျွန်တော်တို့ ရအောင်ဝင်ကြရအောင် ....

၁ . Terminal ဖွင့်ပါ
၂ . su (super user level ပြောင်းပါမယ်)
၃ . text editor ကိုကြိုက်ရာသုံးနိုင်သည် ။ ကျွန်တော် gedit ကိုသုံးပါမယ် ။

(gdm ဆိုတဲ့ file နဲ့ gmd-password ဆိုတဲ့ file ကိုဝင်ပြင်ရမှာဖြစ်ပါတယ်)

# gedit /etc/pam.d/gdm (Terminal မှာရိုက်ရမှာပါ)

gedit ဆိုတဲ့ text editor နဲ့  etc အောက်က pam.d အောက်က gdm ဆိုတဲ့ file ကိုဖွင့်ပါမယ်...

auth required pam_succeed_if.so user != root quiet အဲ့ဒီစာကြောင်းကိုရှာပါ ။

စာကြောင်းတွေ့ ရင် စာကြောင်းအစမှာ # အဲ့တာလေးထည့်ပေးလိုက်ပါ ။ ဒါဆိုဒီလိုဖြစ်သွားမှာပါ

#auth required pam_succeed_if.so user != root quiet #ထည့်ပြီးရင် save ပြီးပိတ်လိုက်လို့ရပါပြီ ။

၎ . နောက် gmd-password ဆိုတဲ့ file ကိုခုနကလိုပဲဝင်ပြင်မှာဖြစ်ပါတယ်

# gedit /etc/pam.d/gdm-password (Terminal မှာရိုက်ရမှာပါ)

auth required pam_succeed_if.so user != root quiet အဲ့စာကြောင်းကိုပဲရှာပါ တွေ့ လျှင် ပထမစာကြောင်းလိုပဲ စာကြောင်းအစမှာ # ထည့်ပြီး save လိုက်ပါ ... အိုခေအဆင်ပြေပြီ .... စက်ကို restart ချလိုက် login ပြန်ဝင်မယ် other ကိုရွေးပေါ့ username = Root , password = ကိုယ်ပေးထားတဲ့ password ပေါ့......အိုခေ..............

(superuser ဖြစ်တဲ့ su တောင်မှနှစ်မျိုးရှိပါတယ် su လို့ ရိုက်တာနဲ့  su - လို့ ရိုက်တာနဲ့ မတူပါဘူး) စိတ်ဝင်စားရင်လေ့လာလို့ ရပါသေးတယ်ခင်ဗျာ ... (ကျွန်တော်ရေးတဲ့အကြောင်းအရာတွေကသိပြီးသားဖြစ်နေတယ် အသုံးမ၀င်ဘူးဆိုရင်တော့ ကျွန်တော်ညံ့လို့ ပင်ဖြစ်ပါကြောင်း ......)


HtunKyawOo 09256375318

Post a Comment

أحدث أقدم