ကွန်ပျူတာတွေတစ်လုံးနဲ့ တစ်လုံးအချက်အလက်တွေပေးပို့နိုင်အောင် ချိတ်ဆက်ထားတာကို Network လို့ခေါ်တယ်ဆိုရင် အင်တာနက်ဆိုတာ Network တွေ အချင်းချင်းချိတ်ဆက်ထားတဲ့ Network များရဲ့ Network လို့ခေါ်ရင်ရနိုင်တာပေါ့နော်။ တနည်းအားဖြင့်အင်တာနက်ဆိုတာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကွန်ပျူတာတွေ ၊ အခြားသော Device တွေပါဝင်နေတဲ့ Network များကို အပြန်အလှန်ချိတ်ဆက်ပေးထားတဲ့ ကွန်ယက်ကြီးတစ်ခု လည်းဖြစ်ပါတယ်ဗျာ။
ပြောချင်တာလေးက ဘာလည်းဆိုတော့ဒီအင်တာနက်ဆိုတာကြီးပေါ်ပေါက်
လာစေမယ့် အခြေခံပင်မ အဖြစ်အပျက်အကြောင်းပါ။ ၁၉၅၇ အောက်တိုဘာ ၄ ရက်နေ့မှာ ဆိုဗီယက် Union က ကမ္ဘာ့ပထမဆုံးဂြိုလ်တု sputnik -1 ကိုလွှတ်တင်ခဲ့တယ်ဗျာ။ ဒီတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ သူ့ရဲ့ မဟာပြိုင်ဘက်က အရင်ကျောသွားတယ်ဆိုပါတော့။
ဒီအဖြစ်အပျက်ကြောင့် ARPA (the Advanced Research Project Agency)ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို နည်းပညာသစ်တွေအတွက်ပိုပြီးထိထိရောက်ရောက် သုတေသန
လုပ်နိုင်ဖို့ဖွဲ့စည်းခဲ့ပါတယ်။ အဲ....အဲဒီ ARPA ရဲ့ အကျော်ကြားဆုံးဖန်တီးမှုကတော့ အင်တာနက်ပဲဖြစ်ပါတယ်ခင်ဗျ။
၁၉၆၀ ပြည့်နှစ်မှာ joseph Licklider လို့ခေါ်တဲ့ ကွန်ပျူတာ သိပ္ပံပညာရှင်က Man-Computer Symbiosis လို့ အမည်ပေးထားတဲ့ စာတမ်းတစ်စောင်ကို တင်ပြခဲ့ပါတယ်။ အဲဒီစာတမ်း ဟာ ကွန်ပျူတာ Network တွေတည်ဆောက်ဖို့အတွက် အခြေခံစိတ်ကူးတစ် ခုဖြစ်နေပါတယ်။ ၁၉၆၂ ပြည့်နှစ်မှာ Likclider ဟာ ARPA ရဲ့ Information Process Office ဥက္ကဌ အနေနဲ့ Network နည်းပညာတွေ သုတေသနလုပ်နိုင်ဖို့အတွက် အဖွဲ့တစ်ခုကိုဖွဲ့စည်းပေးခဲ့ပါတယ်။ သို့သော်လည်းပဲ အကြောင်းကြောင်းကြောင့် သူ့ရဲ့စိတ်ကူးတွေကို အကောင်အထည်မဖေါ်ဖြစ်ခင်မှာပဲ အဖွဲ့ကနေနှုတ်ထွက်သွားခဲ့ ပါတယ်။
ဒါနဲ့ပဲ နှစ်အတော်အတန်ကြာသွားပြီး 1967 အောက်တိုဘာလရောက်တဲ့အခါမှာတော့ ARPANET လို့ အမည်ပေးထားတဲ့ ကွန်ပျူတာ Network နည်းပညာတစ်ခုကို စတင်
အကောင်အထည်ဖေါ်နိုင်ခဲ့ပါတယ်။ ၁၉၆၉ ဒီဇင်ဘာမှာတော့ Computer Network လေးခုကို ပထမဦးဆုံးသော network အနေနဲ့ စတင်ချိတ်ဆက် အသုံးပြုခဲ့ပါတယ်။ အဲ အဲဒီမှာ အသုံးပြုခဲ့ တဲ့ Packet Switching နည်းပညာကို တော့ ယနေ့အချိန်ထိအသုံးပြုနေဆဲပါပဲ။
ဒီလိုနဲ့ သိပ်မကြာခင်မှာ ARPANET ရဲ့ packets switching နည်းပညာကို British Universities တွေ စုပေါင်းထားတဲ့ ကွန်ယက်တစ်ခုဖြစ်တဲ့ JANET နဲ့ Network
ကုမ္ပဏီတစ်ခုဖြစ်တဲ့ CompuServeအပါအဝင်အခြားအဖွဲ့အစည်းတွေ
ကလည်းအသုံးပြုလာကြပါတယ်။ သိုကသော်လည်းပေါ့နော် ဒီနေ့ခေတ်နဲ့ နှိင်းယှဉ်ကြည့်ရင်တော့ အဲဒီ Network တွေဟာ Private Network သာသာပဲဖြစ်ပါတယ်။
အခြေခံထားတဲ့ နည်းပညာတူပေမယ့် Different ဖြစ်တဲ့ အသေးစိတ် Implementation တွေကြောင့် Network တွေတစ်ခုနဲ့ တစ်ခု ချိတ်ဆက်ဖို့ကြိုးစားလာတဲ့ အခါမှာတော့
အခက်အခဲကြုံလာရတော့တာပေါ့ ဗျာ။ ဒီပြဿနာကို ဖြေရှင်းဖို့ ARPA ရဲ့ Satellite Network Packets Project မှာ လုပ်နေတဲ့ Robert Khan နဲ့ Standford University က Vinton Cerf တို့ပူးပေါင်းပြီး မတူညီတဲ့ Network စနစ်တွေ ကြားထဲမှာ ကြားခံ Mask တစ်ခုအနေနဲ့ ဆောင်ရွက်ပေးနိုင်မယ့် Protocol တစ်ခု ကိုဖန်တီးပေးခဲ့ပါတယ်။ 1974 December မှာကြေငြာခဲ့တဲ့ အဲ့ဒီနည်းပညာကို " Internet Transmission Control Program" လို့ခေါ်ခဲ့ပါတယ်။ အဲ့ဒီ Protocol က Network လုပ်ဆောင်ချက်တွေကို လျှော့ချပြီး COMPUTER တွေကို အဓိကအလုပ်လုပ်ခိုင်းလိုက်တဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။ ရလဒ်ကတော့ network တွေအချင်းချင်း လွတ်လပ်စွာချိတ်ဆက်နိုင်လာခြင်းပဲဖြစ်ပါတယ်။
ARPA က လိုအပ်တဲ့ ဆက်စပ် Software တွေကိုပါ ထုတ်လုပ်ခဲ့ပြီး 1977 မှာတော့ မတူကွဲပြားတဲ့ Network ၃ ခုကိုအောင်အောင်မြင်မြင်နဲ့ ချိတ်ဆက်နိုင်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာတော့ "Telecommunication Protocol / Internet Protocol (TCP /IP) " ဆိုတဲ့ အမည်နဲ့ ဒီင်္နည်းပညာကိုအပြီးသတ်ကြေငြာနိုင်ခဲ့ပါတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ရှိသမျှ Computer Network တွေကို ချိတ်ဆက်ပေးမယ့် အင်တာနက်ကွန်ယက်ကြီး အဲဒီမှာအစပြုခဲ့ပါတော့တယ်။
ဒီနေ့ဒီအချိန်မှာတော့ အင်တာနက်ကွန်ယက်ကြီးထဲမှာ ကွန်ပျူတာတွေသာမက မိုဘိုင်းဖုန်းတွေ ၊ Tablet တွေ နဲ့ အခြား အခြားသော Device ပေါင်း 9 Billion လောက်အထိ ချိတ်ဆက်ပါဝင်နေပြီဖြစ်ပါတယ်။၂၀၂၀ ရောက်ရင်တော့ Device ပေါင်း ၂၀ ဘီလီယံလောက်အတိ ချိတ်ဆက်ပါဝင်နေမယ်လို့ Cisco ကထုတ်ပြန်တဲ့ ကြေငြာစာတမ်းတစ်ခုမှာ တွေ့ရတယ်ဗျ။ ဒီတော့ဒီနေရာမှာ အင်တာနက် ဆိုတာအခြေခံအားဖြင့် ကွန်ပျူတာ နဲ့ အခြား Device တွေအချင်းချင်းချိတ်ဆက်ရုံချိတ်ဆက်ပေးနိုင်တဲ့ နည်းပညာလို့ မှတ်ထားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အင်တာနက်ဆိုတာ အချက်အလက်အပြန်အလှန်ပေးပို့ခြင်းဆိုတဲ့ လုပ်ငန်းကို သူကိုယ်တိုင်မလုပ်ပါဘူး။ ဒီအင်တာနက်ပေါ်မှာ အခြေပြုပြီး
တီထွင်ထားတဲ့ World Wide Web, Email အစရှိတဲ့
နည်းပညာတွေကဆောင်ရွက်ပေးတာပါ။ Email တို့ WWW တို့ကို အချက်အလက်တွေရောက်အောင်ပို့ပေးတဲ့ " ကား " လို့ယူဆနိုင်ပြီး အင်တာနက်ကတော့ အဲ့ဒီကားတွေ သွားလို့ရတဲ့ " လမ်း " လို့သဘောထားနိုင်ပါတယ်ဗျ။
World Wide Web နဲ့ Email တို့လိုပဲ အင်တာနက်ဆိုတဲ့ လမ်းမကြီးပေါ်မှာ အချက်အလက်တွေ သယ်ယူပို့ဆောင်ပေး နိုင်တဲ့ အခြားနည်းပညာတွေ ရှိပါသေးတယ်ခင်ဗျ။ Instant Messenging (IM), Internet Relay Chat (IRC), Voice Over IP (VOIP) , Secure Shell (SSH), File Transfer Protocol (FTP), Hyper Text Transfer Protocol (HTTP) စတဲ့
နည်းပညာတွေပဲဖြစ်ပါတယ်။
Credit to
Maung Paing (TSI Computer Training)
HtunKyawOo 09256375318
إرسال تعليق