မိုးရွာထဲ ဖုန်းပြောနေသူ

မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် လက်ယက်မကျေးရွာ၌ စက်တင်ဘာ ၂၆ ရက်က အမျိုးသားတစ်ဦး ဖုန်းပြောနေစဉ် မိုးကြိုးပစ်သဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လက်ယက်မကျေးရွာနေ အောင်စိုး(၂၄)နှစ်သည် မိုးရွာနေစဉ် ကျေးရွာအထက်တန်းကျောင်း၏ မြောက်ဘက်လမ်းမပေါ်တွင် လမ်းလျှောက် ရင်း လက်ကိုင်ဖုန်းဖြင့် စကားပြောနေစဉ် လျှပ်စီးဝင်၍ ဖုန်းပေါက်ကွဲကာ ဝဲဘက်နားထင် သွေးယိုစီးဒဏ်ရာ၊ ဝဲနားရွက် ညိုမည်းဒဏ်ရာများဖြင့် လဲကျသေဆုံးခဲ့ကြောင်းသိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းမှ ရဲအုပ်မင်းယုနိုင်က တိုင်တန်းခဲ့သဖြင့် မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်း မှသေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်း သိရသည်


မောင်ထွန်းကျော်ဦး မံရွာ

Post a Comment

Previous Post Next Post