Yahoo ကို Default Search Engine အဖြစ် အသုံးပြု ထားသည့် Firefox 34 ကို Mozilla ဖြန့်ချိ

Yahoo ကို default search engine အနေဖြင့် အသုံးပြုထားသည့် ပထမဦးဆုံး Firefox ဗားရှင်းကို Mozilla မှ ဖြန့်ချိပေးခဲ့သည်။ အဆိုပါ Firefox 34 တွင် Yahoo ကို default search engine အဖြစ် ပြောင်းလဲမှုနှင့်အတူ စိတ်ဝင်စားဖွယ်ရာ feature သစ်အချို့ ပါဝင်လာသည်။
Firefox 34 တွင် Yahoo ကို default search engine အဖြစ် ပြောင်းလဲထားသော်လည်း သုံးစွဲသူများအနေဖြင့် Google ကို အလျင်အမြန် ပြန်လည် ပြောင်းလဲသုံးစွဲနိုင်သည်။
၎င်း browser update တွင် Mozilla က WebRTC အသုံးပြု chat tool ဖြစ်သော Firefox Hello ဝန်ဆောင်မှုကို အသုံးပြုထားသောကြောင့် Firefox အသုံးပြုသူအချင်းချင်း browser မှတစ်ဆင့် အသံနှင့် ဗီဒီယို chat များ ပြုလုပ်နိုင်မည် ဖြစ်သည်။
အခြားသော အဆင့်မြှင့်တင်မှုများတွင် အမေရိကန်ရှိ သုံးစွဲသူများအတွက် search bar ကို ပြောင်းလဲပြင်ဆင်ထားသော်လည်း SSL 3.0 ကို ဖယ်ရှားထားသည်။

Ref: TechCrunch



HtunKyawOo 09256375318

Post a Comment

Previous Post Next Post